RangonNewsDaily:: October. 4 .2013
ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်
မှအတည်ပြုခဲ့သည့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့နယ် စည်ပင်သာယာ ဥပဒေကြမ်းတွင်
လူထုအတွက် အမှန်တကယ်အကျိုးပြုရန်လို အပ်ချက်များ မပါဝင်ခဲ့ကြောင်း
အတိုက်အခံ လွှတ်တော်ကိုယ်စား လှယ်များက ဆိုသည်။ ယင်းဥပဒေအရ
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီများ ကိုဖွဲ့စည်း ရာတွင် ခရိုင်
အဆင့်နှင့် မြို့နယ်အဆင့်ကော် မတီများ၌ မြို့မိမြို့ဖကိုယ်စား
လှယ်များပါဝင်၍ ဖွဲ့စည်းရမည် ဟုဆိုသော်လည်း ယင်းသို့ဖွဲ့စည်း ရာတွင်
မြို့မိမြိုဖကိုယ်စားလှယ် များအား လျှို့ဝှက်မဲ စနစ်ဖြင့် ရွေး ကောက်
တင်မြှောက်ရန် အတိုက် အခံကိုယ်စားလှယ် များမှ တင်ပြ ခဲ့ခြင်း၊
ခရိုင်အဆင့်ရွေးကောက် ရာတွင်လည်း ခရိုင်တစ်ခုလျှင် တိုင်းဒေသကြီး
လွှတ်တော်ကိုယ် စားလှယ်တစ်ဦး ပါဝင်ဖွဲ့စည်းရန်
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးဇော်အေးမောင်၏ တင်ပြချက် ကို လွှတ်တော်မှ သဘောမတူခဲ့ ခြင်းအပါအဝင်
အခြားအချက် များကိုလည်း သဘောတူခဲ့ခြင်းမ ရှိဘဲ မူရင်းဥပဒေကြမ်းပါအတိုင်း သာ
အတည်ပြုခဲ့သည့်အတွက် အထက်ပါအတိုင်း ဝေဖန်ပြော ကြားကြခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ''ပုဒ်မ
၆၆(ဂ) မှာပါတဲ့ အိမ်ဆိုင်ဆိုတဲ့နေရာမှာ သူတို့ဝမ်းစာအတွက် တစ်နိုင်တစ်ပိုင်
ကော်ဖီထုပ်လေးတွေ၊ ခေါက်ဆွဲထုပ်လေးတွေရောင်းပြီး ဈေး ဖိုးလေး
ရအောင်လုပ်နေရတဲ့ ဆိုင် မျိုးကို စည်ပင်မှာလိုင်စင်ရယူဖွင့် ရမယ်ဆိုရင်
သူတို့အတွက်ဝန်ထုပ် ဝန်ပိုးဖြစ်စေမှာဖြစ်တဲ့အတွက် အိမ်ဆိုင်ဆိုတာကို
ပယ်ဖျက်ပေး ဖို့တင်ပြတော့ လက်မခံဘဲ ပယ်ချ ခံရတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာညိုညိုသင်းက ''ပုဒ်မ ၆၆(ဂ) မှာပါတဲ့ အိမ်ဆိုင်ဆိုတဲ့နေရာမှာ သူတို့ဝမ်းစာအတွက် တစ်နိုင်တစ်ပိုင် ကော်ဖီထုပ်လေးတွေ၊ ခေါက်ဆွဲထုပ်လေးတွေရောင်းပြီး ဈေး ဖိုးလေး ရအောင်လုပ်နေရတဲ့ ဆိုင် မျိုးကို စည်ပင်မှာလိုင်စင်ရယူဖွင့် ရမယ်ဆိုရင် သူတို့အတွက်ဝန်ထုပ် ဝန်ပိုးဖြစ်စေမှာဖြစ်တဲ့အတွက် အိမ်ဆိုင်ဆိုတာကို ပယ်ဖျက်ပေး ဖို့တင်ပြတော့ လက်မခံဘဲ ပယ်ချ ခံရတယ်။
0 comments:
Post a Comment