Pages

Friday, October 4, 2013

ယာဉ်မှတ်ပုံတင် အတုဖြင့် ကား လာပေါင်သူ နှစ်ဦးအား အမှုဖွင့်ထား

RangonNewsDaily:: October. 4 .2013
အတုပြုလုပ်ထားသော မော်တော်ယာဉ်မှတ်ပုံတင်အတုဖြင့်ကားလာပေါင်သူ(၂) ဦးကို အရေးယူပေးရန် တိုင်

ကြားသဖြင့် ဒေါပုံရဲစခန်းက အောက်တိုဘာ ၁ ရက်တွင် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ အဆိုပါ အမှုကို ဒေါ်ပုံမြို့နယ်၊ ဇေယျသီရိရပ်ကွက် ၊ (၈)လမ်းနေ ဦးမောင်သိန်း (၄၆) နှစ်က အမှုဖွင့် တိုင်တန်း ထားသည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်
အမှုတွင် အောက်တိုဘာ ၁ ရက် ည ၈နာရီခွဲအချိန်က တရားလိုနှင့် ခင်မင်ရင်းနှီးသော သာကေတမြို့နယ် (၂/တောင်) ရပ်ကွက်နေသူများဖြစ်သည့် ဒေါ်ဩ(၃၆)နှစ်၊ ဈေးရောင်းနှင့် ဒေါ်ဩ (၅၇)နှစ်တို့သည် ၆က/
၇၃၄၂ ယာဉ်နှင့်အတူ ရောက်ရှိလာခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် အဆိုပါ ယာဉ်အား ငွေကျပ် (၃၅) သိန်းဖြင့် ပေါင်နှံလိုကြောင်း ပြောသဖြင့် ယာဉ်နှင့် ယာဉ်စာရွက်

စာတမ်းများအား တိုက်ဆိုင် စစ်ဆေးကြည့်ခဲ့သည်ဟုလည်း တရားလိုက ထွက်ဆိုထားသည်။

ယင်းသို့ကြည့်ရှုရာ မော်တော်ယာဉ်၏ ဘောင်နံပါတ်ပါဂဏန်းများနှင့်ယာဉ်မှတ်ပုံတင်စာအုပ်ပါ ခဲခြစ်ေ
ဘာင်

နံပါတ်ဂဏန်းများမှာ နံပါတ်စဉ် တူညီသော်လည်း ဂဏန်းတစ်လုံးစီ၏ အရွယ်အစား၊ အကွာအဝေးများမှာ တူ
ညီမှုမရှိသည်ကို တွေ့ရှိခဲ့သည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် မှတ်ပုံတင်စာအုပ်နှင့် ၄င်းစာအုပ်ပါ ခဲခြစ်ဘောင်နံပါတ်များမှာ ကွန်ပျူတာနည်းဖြင့် အတုပြု
လုပ်

ထားကြောင်း တွေ့ရှိသဖြင့် အဆိုပါ အမျိုးသမီးနှစ်ဦးကို အရေးယူပေးရန် ဦးမောင်သိန်းက စွပ်စွဲတိုင် တန်း
ထားခြင်း လည်းဖြစ်သည်။

ထို့ကြောင့် ဒေါ်ပုံရဲစခန်းက (ပ) ၃၀၁/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူများအား ဖမ်းဆီးစစ်ဆေးနေကာ အမှန်တကယ် လိမ်လည်ထားကြောင်း တွေ့ရှိပါက ပုဒ်မ ၄၂၀/၄၆၈ဖြင့် တရားစွဲမည်ဟု ရန်ကုန်တိုင်း ရဲတပ်

ဖွဲ့က ဆိုထားသည်။

ဇော်ဇော်ထွေး
Mizzima - News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time