Pages

Thursday, September 19, 2013

သတ်မှတ်ရက်အတွင်း ငွေသွင်းမှုမရှိပါက ရွေးချယ်ဝယ်ယူထားသည့် နံပါတ်အား ပယ်ဖျက်မည်

RangonNewsDaily:: September 19, 2013

ကညနမှ မော်တော်ယာဉ်များကို ကနဦးမှတ်ပုံတင်များ ပြုလုပ်ပေးလျက်ရှိရာ ယာဉ်ပိုင်ရှင်များ စိတ်ကြိုက် မှတ်ပုံတင် ယာဉ်အမှတ်များ ရွေးချယ်ဝယ်ယူရာတွင် သတ်မှတ်ရက်အတွင်း ငွေသွင်းမှု မရှိပါက ရွေးချယ်ဝယ်ယူထားသည့် နံပါတ်အား ပယ်ဖျက်ပြီး အခြား ရွေးချယ် ၀ယ်ယူလိုသူများကို ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း “မြင်သာ ကညနရုံး ကနဦး မှတ်ပုံတင်ဌာန”မှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် နံပါတ် အလှများ ရောင်းချပေးရာတွင် မှန် ကန်မှုရှိစေရန်နှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် အများပြည်သူများ သိရှိပြီး ထင်သာမြင်သာရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် မူသေအမှတ် ရွေးချယ်ဝယ်ယူရာတွင် သွင်းကုန်လိုင်စင်တွင်ပါရှိသည့် တင်သွင်းသူ၏ အမည်၊ နေရပ်လိပ်စာဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

နံပါတ်အလှများ ရောင်းချမှုပုံစံနှင့် ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက “အ ရင်က ယာဉ်ပိုင်ရှင်တွေအနေနဲ့ စိတ်ကြိုက်နံပါတ် ရွေးချယ်ဝယ်ယူရာမှာ တယ်လီဖုန်း၊ လျှောက်လွှာ တွေနဲ့ စိတ်ကြိုက်နံပါတ်ကို ရွေးချယ် လျှောက်ထားကြတယ်၊ အဲဒီ လိုလျှောက်ပြီးရင် ငွေလာသွင်းတဲ့ သူတွေရှိသလို လာမသွင်းတဲ့သူ တွေလည်း ရှိတယ်၊

အဲဒီလို မသွင်းတော့ ရောက်ရှိနံပါတ်တွေ ကျော် သွားပြီး တကယ်လိုချင်တဲ့သူတွေကလည်း မယူကြတော့ဘူး၊ အဲဒီလို အခြေအနေတွေ ရှိတဲ့အတွက် ဌာနအတွက်ရော၊ တကယ်လိုအပ်တဲ့ ယာဉ်ပိုင်ရှင်တွေအတွက်ပါ ထိခိုက်နစ်နာမှုတွေ ရှိပါတယ်၊ ဒါ ကြောင့် အခုလို နံပါတ်အလှ ရွေ ချယ်ဝယ်ယူမှု ပုံစံကို ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ ပြောင်းလဲသတ်မှတ်သည့် ရောင်းချမှုပုံစံအသစ်ကို 9F/1001 မှစတင်ကာ ပြုလုပ်သွားမည် ဖြစ်သည်။ ထို့ပြင် နံပါတ်အလှ ရွေးချယ်ခြင်းအတွက် ငွေသွင်းပြီးပါက ပေးသွင်းငွေအား ပြန်လည် ထုတ်ပေးသွားမည် မဟုတ်ကြောင်း “ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန”မှ သိရသည်။

Automobile Journal , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment