RangonNewsDaily:: September 19, 2013
မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ကန်တော်ကြီးကန်အတွင်း
စက်တင်ဘာလ(၁၈)ရက် နံနက်(၁၁)
နာရီခွဲ အချိန်ခန့်က (၈)တန်းကျောင်းသားတစ်ဦး
ရေနစ်သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နံနက်(၁၀)နာရီအချိန့်က တောင်တွင်းကြီးမြို့၊
ရွှေကြာအင်း(၁)ရပ်ကွက်၊ အပိုင်း(၃)နေ ကျော်တင်စိုး
၊ ဟန်ကိုလွင်၊
ပိုင်မင်းသူ၊ ရဲဇော်နိုင်၊ မင်းဝေအောင်တို့(၅)ဦးသည် ကန်တော်ကြီး
ကန်အတွင်းရေစီးဝင်နေ
သော အနက်(၁၈)ပေ၊အကျယ်(၁၅)ပေရှိ ရေစီးမြောင်းပေါ်ရှိ
တံတားပေါ်တွင်ထိုင်နေကြကြောင်း၊( ၁၁)နာရီ
ခွဲအချိန်ခန့်တွင် ပိုင်မင်းသူမှရေဆင်းချိုးကာ ရေနစ်နေ၍ မင်းဝေအောင်မှဆင်း၍ဆယ်ယူပြီး ပိုင်မင်းသူအား
ဘောင်ပေါ်သို့တွန်းတင်ပေးခဲ့ကြောင်း၊ မင်းဝေအောင်မှာ ရေမြောင်းအတွင်းနစ်မြုပ်ကာပြန်ေ ပ်ါမလာတော့
ခြင်းဖြစ်ကြောင်း အတူရှိနေသူ ရဲဇော်နိုင်ပြောပြချက်အရသိရှိရေ ကြာင်းမှတ်တမ်းများအရသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်တွင်းကြီးမြို့၊ရွှေကြာအင်း (၁)ရပ်ကွက်နေ(ဘ)ဦးအောင်မြိုင်၏သား (သ)၁၄နှစ်
ရှိ မောင်မင်းဝေအောင် (၈)တန်း၊အထက(၂)သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/ မ
ဟုတ်စစ်ဆေးနိုင်ရန် တောင်တွင်းကြီး ရဲတပ်ဖွဲ့စခန်း သေမှုသေခင်းအမှတ်စဉ်(၁၁/ ၂၀၁၃)ဖြင့် ခေတ္တစခန်းမှူး ဒုတိယရဲအုပ်စိုးရာဇာမှအမှုဖွင့် လှစ်ဆောင်ရွက်လျှက်ရှိကြောင်းသတ င်းရရှိသည်။
တောင်တွင်းကြီး မီဒီယာ , RangonNewsDaily
kolatt (Pabedan)
RangonNewsDaily:: September 19, 2013
မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ကန်တော်ကြီးကန်အတွင်း စက်တင်ဘာလ(၁၈)ရက် နံနက်(၁၁)

ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်တွင်းကြီးမြို့၊ရွှေကြာအင်း
ရှိ မောင်မင်းဝေအောင် (၈)တန်း၊အထက(၂)သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/ မ
ဟုတ်စစ်ဆေးနိုင်ရန် တောင်တွင်းကြီး ရဲတပ်ဖွဲ့စခန်း သေမှုသေခင်းအမှတ်စဉ်(၁၁/ ၂၀၁၃)ဖြင့် ခေတ္တစခန်းမှူး ဒုတိယရဲအုပ်စိုးရာဇာမှအမှုဖွင့် လှစ်ဆောင်ရွက်လျှက်ရှိကြောင်းသတ င်းရရှိသည်။
တောင်တွင်းကြီး မီဒီယာ , RangonNewsDaily
kolatt (Pabedan)
တောင်တွင်းကြီး မီဒီယာ , RangonNewsDaily
kolatt (Pabedan)
0 comments:
Post a Comment