Pages

Tuesday, September 17, 2013

နျူလေ့လာစောင့်ကြည့်သူတွေကို မြန်မာ လုပ်ပိုင်ခွင့်ပိုပေးမည်

RangonNewsDaily:: September 17, 2013

ယခုသီတင်းပတ်တွင် လက်မှတ်ရေးထိုးမည့် သဘောတူညီမှုအရ ကုလသမဂ္ဂ၏ နျူလေ့လာစောင့်ကြည့်သူများအား စစ်ဆေးခွင့်အာဏာ ပိုပေးမည်ဖြစ်ပြီး ယင်းမှာစစ်ဗိုလ်ချုပ်ဟောင်းများ အုပ်ချုပ်နေသည့် မြန်မာအစိုးရ အနေဖြင့် ပြင်ပကမ္ဘာနှင့် ပိုမိုပွင့်လင်းစွာ ဆက်ဆံလာရန် အချက်ပြလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ်္ဂ၏ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် လက်မှတ်ရေးထိုးမည့် ဖြည့်စွက်သဘောတူညီချက်အရ နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်နေသည်ဟု ကြေညာထားခြင်းမရှိသည့် နေရာများသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ၀င်ရောက်စစ်ဆေးနိုင်ဖြစ်သည်ဟု ဗီယင်နာအခြေစိုက် IAEA က ဆိုထားသည်။

ယင်းသဘောတူညီချက်မှာ မြန်မာနိုင်ငံ၏ နျူကလီးယားပိုင်ဆိုင်မှု ရည်မှန်းချက်အပေါ် စိုးရိမ်နေမှုများအား ပြေလျော့ သွားစေမည်ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဟူသော ပြည်ပရောက်အဖွဲ့အစည်းများ၏ စွပ်စွဲချက်အား ငြင်းဆန်ထားခဲ့သည့်အပြင် ကျွမ်းကျင်သူများမှလည်း မြန်မာနိုင်ငံမှာ
နျူကလီးယားထုတ်လုပ်နိုင်သည့် နည်းပညာကျွမ်းကျင်မှုမျိုး ပိုင်ဆိုင်ထားခြင်း မရှိသေးဟု ပြောဆိုခဲ့သည်။

သို့သော် ၂၀၁၁ ခုနှစ်အစောပိုင်းတွင် ဗီယင်နာမှ သံတမန်အသိုင်းအ၀ိုင်း၏ သတင်းအရင်းအမြစ်များ အဆိုရ IAEA မှ မြန်မာနိုင်ငံသို့ ၎င်း၏ လှုပ်ရှားမှုများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များအား မေးမြန်းရန်အတွက် စာရေးသားခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းမှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ချင်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

၂၀၁၀ ခုနှစ်တွင်လည်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီချက် (NPT) အား ရပ်ဆိုင်းခဲ့သည့် မြောက်ကိုးရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၊ အီရန်နှင့် ဆီးရီးယားနိုင်ငံများသို့ နျူကလီးယားနည်းပညာများ ထောက်ပံ့ပေးဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံမှာ NPT နှင့် IAEA အဖွဲ့များ တွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

Mizzima - News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time