Pages

Tuesday, September 17, 2013

နိုင်ငံတကာ အလှမယ် များနှင့် ဆီးဂိမ်းစ်အကြို လှုံ့ဆော် ပွဲကြီးကို ရန်ကုန်မြို့တွင် ကျင်းပမည်

RangonNewsDaily:: September 17, 2013

မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၄၄)နှစ်ကြာမှ ပြုလုပ်ခွင့် ရခဲ့သည့် ဆီးဂိမ်း ပြိုင်ပွဲကြီးကို လှုံ့ဆော်သည့် အနေဖြင့်

ပြဇာတ် များ၊ တေးစီးရီး များဖြင့် ပြည်သူများ တစ်ခဲနက် ပါဝင်လာစေရန် ပြုလုပ်ခဲ့ရာမှ ယခုအခါ ရန်ကုန်မြို့
တွင် ကျင်းပမည့် ဆီးဂိမ်းအကြို လှုံ့ဆော်ပွဲကြီး တွင် နိုင်ငံ တကာမှ အလှမယ်များနှင့် အနုပညာ ရှင်များစွာ စု
ပေါင်း၍ ရန်ကုန်မြို့ Junction Square ၌ အောက်တိုဘာ၂၁ ရက်တွင် ဖျော်ဖြေပွဲကြီး ကျင်းပသွားမည် ဖြစ်
ကြောင်း ADMA Media မှ ဥက္ကဋ္ဌ ဦးဝေလင်း မောင်က ပြောသည်။
”(၄၄)နှစ်ကြာမှ ပြုလုပ်ခွင့် ရတဲ့ ဒီဆီးဂိမ်းကြီးမှာ ပရိသတ်တွေ အားလုံး စိတ်ဝင်စား စေချင်တယ်။ မြန်မာ နိုင်
ငံမှာ လုပ်တဲ့ ဆီးဂိမ်းကြီးကို တခြားနိုင်ငံတွေ ထက်သာတဲ့ ဆီးဂိမ်း ပြိုင်ပွဲကြီး ဖြစ်စေချင်တယ်။ အဲ့ဒါကြောင့် လှုံ့ဆော်ရေး ကဏ္ဍတွေ ကို တောက်လျှောက် ပြုလုပ်နေတာပါ။

အခက်အခဲ တွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ အကုန်လုံးက တညီတညွတ်တည်း အင်တိုက်အားတိုက် ကူညီ လုပ်ကိုင် ပေးတဲ့အတွက် အဆင်ပြေ ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာ နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပွဲကြီးကို ဒီဇင်ဘာ ၁၁ရက်မှ စတင်၍ ကျင်းပ

မည်ဖြစ်ရာ မြန်မာ တိုင်းရင်းသား၊ ပြည်သူများ သာမက နိုင်ငံခြား ဧည့်သည်များပါ စိတ်အား ထက်သန်စွာ
 စောင့်မျှော် လျက်ရှိ ကြောင်း သိရသည်။

Ref : 27th Sea Games, Myanmar 2013

RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment