RangonNewsDaily:: September 19, 2013
တေလာက Your Lifeနှင့် အင်တာဗျူးတွင် သူမအနေဖြင့် စာရေးဆရာမ ဖြစ်ချင်စိတ်ကို ငယ်ဘဝ အိပ်မက်
တေလာက Your Lifeနှင့် အင်တာဗျူးတွင် သူမအနေဖြင့် စာရေးဆရာမ ဖြစ်ချင်စိတ်ကို ငယ်ဘဝ အိပ်မက်
တစ်ခုအဖြစ်သာ သိမ်းဆည်းထားတော့မည်ဟာ
ဖွင့်ဟသွားသည်။ သီချင်းကောင်းကောင်းလေးများ
ဖန်တီး ရေးသားတတ်သူအဖြစ် နာမည်ကြီးသော်လည်း Countryဂီတ အဆို
တော်မလေး
တေလာဆွစ်ဖ်၏ မူလဝါသနာသည် သီချင်းရေးရန် မဟုတ်ဘဲ ဝတ္ထုရေးရန်သာ ဖြစ်ကြောင်း
သိ
ရှိရသည်။
တေလာသည် ဂီတလောကကို ခြေချရန် မရွေးချယ်မီ ငယ်ဘဝက ဝတ္ထုရှည်များ
ရေးသားသည့် စာရေးဆရာ
မတစ်ဦး ဖြစ်လာရန် မျှော်လင့်ခဲ့သူ ဖြစ်သည်။ တေလာက Your
Lifeနှင့် အင်တာဗျူးတွင်သူမအနေဖြင့် စာရေး
ဆရာမ ဖြစ်ချင်စိတ်ကို ငယ်ဘဝ
အိပ်မက်တစ်ခုအဖြစ်သာ သိမ်းဆည်းထားတော့မည်ဟာ ဖွင့်ဟသွားသည်။
တေလာက သူမ၏ အရေးအသား ပါရမီသည် ဂီတစာသားများအတွက် ပိုမိုသင့်တော် ကောင်းမွန်နေသည်ကို သိရှိလာချိန်တွင်မူ စာရေးဆရာမဘဝကို များစွာမမျှော်မှန်းတော့ဟု ပြောကြားသွားသည်။ တေလာက "ကျွန်
တေလာက သူမ၏ အရေးအသား ပါရမီသည် ဂီတစာသားများအတွက် ပိုမိုသင့်တော် ကောင်းမွန်နေသည်ကို သိရှိလာချိန်တွင်မူ စာရေးဆရာမဘဝကို များစွာမမျှော်မှန်းတော့ဟု ပြောကြားသွားသည်။ တေလာက "ကျွန်
မ သူငယ်ချင်းတွေ အားလုံး
ပင်ဆယလ်ဗေးနီးယားမှာ ရှိနေတုန်းက ကျွန်မတစ်ယောက်တည်း ဘာမှ လုပ်စ
ရာ မရှိဘူး
ဖြစ်နေတယ်။ ကျွန်မ အဲဒီတုန်းက စာရေးဖြစ်ခဲ့တယ်။ ကျွန်မက ဝတ္ထုရှည်တွေ
ရေးနေတဲ့ စာရေး
ဆရာမ ဖြစ်ချင်တာပေါ့။ ကျွန်မရဲ့အသက်မွေးအလုပ်ဟာ စာရေးဆရာမ
ဖြစ်စေချင်ခဲ့တယ်လေ"ဟုဆိုသည်။
တေလာက "ကွဲပြားတဲ့ ဇာတ်လမ်းမျိုး ဝတ္ထုတွေ ကျွန်တော် ရေးခဲ့တယ်။ နာမည်တွေ အမျိုးမျိုး ပေးဖြစ်ခဲ့တယ်။ ဒါပေမဲ့ အားလုံး တူညီတာကတော့ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေး ဘဝနဲ့ပဲ ဆိုင်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် စာရေးဆရာမ တစ်ယောက်လို စိတ်မျိုးသွင်းပြီး ဖြတ်သန်းခဲ့တဲ့ နွေရာသီကတော့ လုံးဝ အမှတ်ရစရာပါပဲ"ဟု ဖွင့်ဟခဲ့သည်။

သူမက
"ကျွန်မရဲ့ စာရေးဆရာမ ဖြစ်ချင်စိတ်ဟာ ကဗျာလေးတွေနဲ့ သီချင်းစာသားတွေ
ရေးဖြစ်လာချိန်မှာ အထောက်အကူ ဖြစ်စေတယ်လို့ ထင်ပါတယ်"ဟုလည်း
မှတ်ချက်ပြုသွားသည်။ သူမက "ခုချိန်မှာတော့ ကျွန်မအတွက် ဝတ္ထုထက် ဂီတာကိုပဲ
ပိုကိုင်ဖြစ်နေပြီပေါ့"ဟုလည်း ရယ်ရယ်မောမော ပြောကြားသွားသည်။
Planet Myanmar Network ,RangonNewsDaily
kolatt (Pabedan)
Planet Myanmar Network ,RangonNewsDaily
kolatt (Pabedan)
0 comments:
Post a Comment