Pages

Friday, September 6, 2013

ဆွမ်းခံကြွလာသော သံဃာများနှင့် ဘုန်းကြီးကျောင်းသားများ ကားတိုက်ခံရ

RangonNewsDaily:: September 6, 2013

အရုဏ်ဆွမ်းခံကြွသော သံဃာများနှင့် ဘုန်းကြီးကျောင်သားများကို အရှိန်လွန်လာသော ကားတစ်စီးက ၀င်တိုက်ခဲ့မှု တစ်ခု စက်တင်ဘာ ၄ ရက် နံနက်က ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။ အဆိုပါယာဉ်တိုက်မှုမှာ ရွှေဂုံတိုင်လမ်းမကြီးပေါ်ရှိ ဗန်ဒါပင်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ၀င်တိုက် လိုက်သောကားမှာ တိုရိုတာဘက်ဒါ အမျိုးအစား ကိုယ်ပိုင်ကားဖြစ်ကြောင်း ရဲမှတ်တမ်းတွင်တွေ့ ရသည်။

ထိုကားတိုက်မှုကြောင့် သံဃာတော် ငါးပါးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ကိုရင်တစ်ပါးမှာစိုးရိမ်ရသည့် အခြေအနေရှိကြောင်း၊ ဘုန်းကြီးကျောင်းသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည့်အနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ၎င်းတို့ကို ရန်ကုန်ဆေးရုံကြီး၌ ပို့ဆောင်ကုသထားသလို ကားမောင်းသူကိုလည်း ရဲများက ဖမ်းထားလိုက်ပြီဖြစ်သည်ဟု ရဲဌာနကဆိုသည်။

အဆိုပါအမှုကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက တရားလိုပြုလုပ် တိုင်တန်းထားသလို ဗဟန်းရဲစခန်းက အမှုဖွင့်ထားပြီး၊ ယာဉ်မဆင်မခြင်မောင်းနှင်သည်ဟု စွပ်စွဲခံရသည့် ကားမောင်းသူကိုလည်း တရားစွဲရန် ဆောင်ရွက်နေသည်။

Mizzima - News, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time