RangonNewsDaily:: September 6, 2013
နယ်စပ်လမ်းကြောင်းများမှ ဝင် ရောက်လာသော တရားမဝင် ကုန်သွယ် မှုများကို
စက်တင်ဘာ ပထမပတ်မှ စ၍ ရန်ကုန် ကုန်းတွင်း ဝင်ပေါက် များတွင်Mobile Team
ဖြင့် စစ်ဆေးတော့ မည်ဖြစ်သည်။
အဓိကအားဖြင့်ပဲခူးလမ်းကြောင်း၊ ပြည်လမ်းကြောင်းများတွင် စစ်ဆေး
သွားမည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်မည့် အကြောင်းကို ရန်ကုန်မြို့တော်
စည်ပင် သာယာရေး ကော်မတီအောင်မင်္ဂလာ အဝေးပြေး၊ အဝေးပြေး ကုန်စည်ပို့
ဆောင်ရေးအသင်း မထသ စသည့် အဖွဲ့အစည်းများနှင့် သုံးကြိမ်တွေ့ဆုံ
အသိပေးပြီးဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ကော်မတီမှ
ညွှန်ကြားရေးမှူး ဦးတင်ရဲ ဝင်းက ပြောသည်။
ရန်ကုန်သို့ ဝင်ရောက်သော
တရားမဝင် ကုန်စည်များသည် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ဝင်ရောက်သောကုန်
စည်များဖြစ်ပြီး မူဆယ်၊ တာချီလိတ်နှင့် ကျိုင်းတုံဘက်မှ ဝင်ရောက်သော
ပစ္စည်းများဖြစ်ကြောင်း၊ မည်သည့်လမ်း ကြောင်းမှ ဖြစ်စေ၊ ပဲခူးဘက်မှ အဓိက
ဖြတ်သန်း ရသောကြောင့် ပဲခူးလမ်း ကြောင်းကို အဓိကထား စစ်ဆေးသွား
မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
”ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး
ချုပ်ကို အသေးစိတ် အစီရင်ခံပါမယ်။ ပြီးတာနဲ့ ကျွန်တော်တို့ တရားဝင် ကြေ
ညာတော့မှာပါ” ဟု ၄င်းက စစ်ဆေး မည့် အစီစဉ်နှင့် ပတ်သက်၍ ပြော သည်။
Mobile Team ဖြင့် စစ်ဆေးရာ တွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊
ကြိုတင်ကြေညာပြီး ပညာပေးကာလဦး စွာ သတ်မှတ်သည်။ ပညာပေးကာလ ကုန်ဆုံးမှသာ
ဖမ်းဆီးအ ရေးယူခြင်းဖြစ် သည်။
လက်ရှိ မှောင်ခိုတားဆီးရေး အဖွဲ့
များဖြင့် အရေးယူမှုများ ပြုလုပ်နေသော် လည်း ပြောင်ပြောင်တင်းတင်းပြုလုပ် မှု
အချို့ရှိနေသဖြင့် အမှန်တကယ် ကုန် သွယ်သူတို့ ထိခိုက်နစ်နာမှုရှိနေသည် ဟု
ရန်ကုန်-မြဝတီကုန်သွယ်ရေး လုပ် ငန်းရှစ်တစ်ဦးက ဆိုသည်။
”အမှန်တကယ် လုပ်တဲ့သူဆို အ ကြောင်းအမျိုးမျိုးပြပြီးရစ်ပါတယ်။
မှောင် ခိုဆိုရင် သွားတော့ပ။ဲ မြန်တယ်။ ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင်
ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကို တင်ပြခဲ့ ပြီးပါပြီ။ ဒါပေမဲ့
အခုချိန်ထိရှိနေတုန်းပဲ”ဟု အထက်ပါ လုပ်ငန်းရှင်ကပြောသည်။
ရန်ကုန်သို့ တရားမဝင် ဝင်ရောက် သော ကုန်တွင်းလမ်းကြောင်းများသည် တာချီလိတ်-ကျိုင်းတုံ-မိတ္ထီလာ-ပဲခူး၊ မြဝတီ-ဘားအံ-ပဲခူး၊ မူဆယ်-လားရှိုး- မန္တလေး-ပဲခူး စသည့်လမ်းကြောင်းများ ဖြစ်ကြောင်း သိရသည်။
မေဇင်ဝင်း
Popular Myanmar , RangonNewsDaily
kolatt (Pabedan)
ရန်ကုန်သို့ တရားမဝင် ဝင်ရောက် သော ကုန်တွင်းလမ်းကြောင်းများသည် တာချီလိတ်-ကျိုင်းတုံ-မိတ္ထီလာ-ပ
မေဇင်ဝင်း
Popular Myanmar , RangonNewsDaily
kolatt (Pabedan)
0 comments:
Post a Comment