Pages

Sunday, September 22, 2013

ဘန်ကောက်အဲဝေး လေကြောင်းလိုင်း နေပြည်တော်-ဘန်ကောက် ခရီးစဉ် စက်တင်ဘာ ၃၀ ရက်တွင် စတင်ပျံသန်းမည်

RangonNewsDaily:: September 22, 2013

ဘန်ကောက်အဲဝေး လေကြောင်းလိုင်း နေပြည်တော်-ဘန်ကောက် ခရီးစဉ်အား ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ နေပြည်တော်လေဆိပ်သို့ ပြည်တွင်းလေ

ကြောင်းလိုင်းများ ပုံမှန်ခရီးစဉ် ပျံသန်းခြင်း မရှိဘဲ ၂၀၁၃ ပွင့်လင်းရာသီ ကာလမှ စတင်ကာ အဲအေးရှနှင့် ဘန်ကောက်အဲဝေး လေကြောင်းလိုင်းတို့မှ ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား ပျံသန်းရန် စီစဉ်နေ
ခြင်း ဖြစ်သည်။
စရိတ်နည်း လေကြောင်းလိုင်းတစ်ခုဖြစ်သည့်အဲအေးရှ လေကြောင်းလိုင်းသည်ဘန်ကောက်-နေပြည်တော်
 ခရီးစဉ်အား အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ တစ်ပတ်လျှင်သုံးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့်
 သောကြာနေ့များတွင် ပျံသန်းပြေးဆွဲ သွားမည်ဖြစ်သည်။ ယင်းပြင် နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ အဆိုပါ ခရီးစဉ်အား နေ့စဉ်ပျံသန်း သွားမည်ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းပုဂ္ဂလိက လေကြောင်းလိုင်းများ ပုံမှန်ခရီးစဉ် ပျံသန်းခြင်း မရှိဘဲ နိုင်ငံပိုင် လေကြောင်း

လိုင်းဖြစ်သည့် မြန်မာ့လေကြောင်းလိုင်း တစ်ခုတည်းသာ ရန်ကုန်-နေပြည်တော် ပုံမှန်ခရီးစဉ်အား ပျံသန်း
လျက် ရှိသည်။

 နေပြည်တော် လေဆိပ်သည် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်အသုံးပြုခြင်း မရှိဘဲ ပထမဆုံး
 နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်ခြင်းအဖြစ် ယခုလ ၃၀ ရက်တွင်ဘန်ကောက်အဲဝေး လေကြောင်း
လိုင်းမှ နေပြည်တော်-ဘန်ကောက် ခရီးစဉ်အား စတင်ပျံသန်းရန် စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyer Credit (၀ယ်သူချေးငွေစနစ်)ဖြင့် မြန်မာအစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Export Import Bank of China တို့မှ Loan Agreementကိုလက်မှတ်ရေးထိုးပြီးစီမံကိန်းလုပ်ငန်း 

အဆင့် ၁ အား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 လေဆိပ်အဆောက်အအုံ (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်းကျော် အ
ကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

Eleven Media , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment