Pages

Saturday, September 21, 2013

ခရီးသည်တင်ယာဉ်တွင် အပိုယာဉ်နောက်လိုက်များ လိုက်ပါမှုကို ထိရောက်စွာ အရေးယူမည်

RangonNewsDaily:: September 21, 2013
ရန်ကုန် မြို့တွင်းပြေးဆွဲနေသော ခရီးသည် တင် မော်တော်ယာဉ်များတွင် အပို ယာဉ်နောက်လိုက် (ဘော်ဒါ
စပယ် ယာ)များလိုက်ပါမှုကိုထိရောက်စွာစစ်ဆေးအရေးယူ သွားမည် ဖြစ်ကြောင်းမထသ(ဗဟို)မှသိရသည်။ 
ယာဉ်လိုင်းများတွင် ယာဉ် လိုက်ခွင့်စစ်ဆေးပြီး သတ်မှတ် ခန့်အပ်ထားသော ယာဉ်လုပ်သား များမှအပ အပို
လိုက်ပါလျက်ရှိ သော ဘော်ဒါစပယ်ယာများကို ခရီးသည်တင် မော်တော်ယာဉ်များ တွင် စစ်ဆေးတွေ့ရှိပါက အဆိုပါ ယာဉ်၏ တရားဝင်ယာဉ်လုပ်သား များကို အရေးယူမှုများပြုလုပ်သွား မည်ဖြစ်ကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ဦးလှအောင်က ''ယာဉ်လိုင်း တွေမှာ သတ်မှတ်ထားတဲ့ယာဉ် လုပ်သားတွေအပြင် အပိုစပယ် ယာလိုက်နေ
တဲ့ ဘော်ဒါစပယ်ယာ တွေကို တွေ့နေရတယ်။ ပပျောက် အောင် မလုပ်နိုင်ပေမယ့် လျော့ နည်းသွားအောင်
တော့ ဆောင် ရွက်သွားမယ်။ သတ်မှတ်ယာဉ် လိုင်းက ခွင့်ပြုထားတဲ့ ဒရိုင်ဘာ၊ စပယ်ယာတွေ မဟုတ်တာ
တွေ့ ရင် တရားဝင်ယာဉ်လုပ်သားတွေ ကိုပဲ အရေးယူသွားမှာပါ''ဟု ပြော သည်။

အဆိုပါဘော်ဒါစပယ်ယာ လိုက်ပါသောယာဉ်များတွင် ခရီး သည်များကို မချေမငံဆက်ဆံခြင်း နှင့် ယာဉ်စီးခ
ပိုတောင်းခြင်းများ အများဆုံးဖြစ်လေ့ရှိပြီး ယာဉ်လုပ် သားဝတ်စုံ ဝတ်ဆင်ခြင်းမရှိသည့် အတွက် တိုင်ကြားမှု
များဖြစ်ပွား လေ့ရှိကြောင်း သိရသည်။

ယာဉ်လိုင်းများသည် အများ အားဖြင့် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးသာ သတ် မှတ်ပေး
ထားသော်လည်း ယာဉ် နောက်လိုက်နှစ်ဦး လိုက်ခွင့်တင်ပြ ထားသော ယာဉ်များကိုလည်းခွင့် ပြုထားသော
ကြောင့် အများဆုံး ယာဉ်နောက်လိုက်နှစ်ဦးသာ ပါ ရှိသင့်ကြောင်း ဥက္ကဋ္ဌက ထပ်မံ ပြောသည်။

ယင်းနှင့်ပတ်သက်၍ နေ့စဉ် လိုင်းကားစီသူ ကုမ္ပဏီဝန်ထမ်း မရီရီက ''နေ့တိုင်းလိုလို ဘော်ဒါ စပယ်ယာပါတဲ့ ကားတွေကိုတွေ့ နေရတယ်။ ထိထိရောက်ရောက် အရေးယူပေးနိုင်ရင်တော့ သိပ် ကောင်းမှာပေါ့။ ကားကြီး
တွေမှာ သာမကဘဲ ဟိုင်းလတ်လိုကားလေး တွေမှာတောင် တွေ့ရတယ်''ဟု ပြောသည်။

ယာဉ်လုပ်သားလိုင်စင်လွှဲ ပြောင်းကာ ပြင်ပမှ အခြားသူများ ယာဉ်ပေါ်တွင် မောင်းနှင်သည် ဖြစ်စေ၊ ယာဉ်
နောက်လိုက်သည် ဖြစ်စေယာဉ်လုပ်သားများလုပ်ငန်းလုပ်ခွင့်သုံးလအထိပိတ်ပင် နိုင်ပြီး ယာဉ်နောက်လိုက်
အပိုကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေများ ဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

Yangon Media ::--, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time