skip to main |
skip to sidebar
Breaking News: တိုင်ဖွန်း UTAR ရဲ့အကြွင်းအကျန် တိမ်တိုက်ကြီးများ သြဂုတ်လ (၁၇-၁၈)ရက်နေ့လောက် မှာ မြန်မာနိုင်ငံဖက်ဆီကို ချဉ်းကပ်လာနှို်င်
12:37 PM
Kolatt
RangonNewsDaily:: Aug 13, 2013
Latest News တွေအနေနဲ့ကတော့
(၁) (၁၂-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် နာဆာဂြိုဟ်တုများရဲ့တိုင်းတာချက် အရ တိုင်ဖွန်း UTAR ဟာ လစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ခဲ့ပြီး တောင်တရုတ် ပင်လယ်မြောက်ပိုင်းအတွင်း ၀င်ရောက်နေပါတယ်။
USA –JTWC ရဲ့ခန့်မှန်းချက် အရ UTAR ဟာ (၁၄-၈-၂၀၁၃)ရက်
နေ့လည်ပိုင်းမှစတင်ကာ တရုတ်နိုင်ငံတောင် ပိုင်းကို
ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်း ထားပါတယ်။ Landfall Point အရတော့
မြန်မာပြည်ဖက်လာဖို့ လတ္တီတွဒ်မြင့်နေပြီး မြောက်ဖက်ကို ရောက်နေပါ တယ်။
ဒါပေမယ့် JTWCက ကုန်တွင်းကို ၀င်ရောက်ပြီးတဲ့နောက် အကြွင်းအကျန်
တိမ်တိုက်ဟာ မူလအနောက်မြောက်(315°)ကို ဦးတည်ရွေ့ နေရာ မှ
အနောက်မြောက်ယွန်းယွန်း (280°) ကို ပြောင်းလဲရွေ့မယ်လို့ခန့်မှန်းထားပါတယ်။
ခန့်မှန်းထားတဲ့ အတိုင်းသာ ရွေ့ခဲ့ရင် သြဂုတ်လ (၁၇-၁၈)ရက်နေ့လောက် မှာ
မြန်မာနိုင်ငံဖက်ဆီကို မိုးတိမ်တိုက်ကြီး ချဉ်းကပ်လာနှို်င်ပါတယ်။
(၂) (၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ(၁.၄ လက်မ) နဲ့ အထက် ရွာသွန်းခဲ့တဲ့ဒေသ များကချင်ပြည်နယ်မြောက်ဖျားစွန်းဒေသအချို့ ၊ စစ်ကိုငးတိုင်းဒေသအချို့၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအချို့၊ မကွေးတိုင်းမြောက်ပိုင်းဒေသအချို့၊ ရန်ကုန်တိုင်းတောင်ပိုင်းဒေသအတော်များများ၊ မွန်ပြည်နယ်ဒေသအတော်များများ၊ ကရင်ပြည်နယ်တောင်ပိုငးဒေသအတော်များများ ။ ကယားပြည်နယ် နဲ့ ကရင်ပြည်နယ်မြောက်ပိုင်းဒေသအချို့
(၃) Flood Potential မြင့်မားနေသောဒေသများကတော့
ဧရာဝတိတိုင်းအရှေ့တောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း
ဖြစ်ကြပြီး၊
Flood Potential အလယ်အလတ် ဖြစ်နေသောဒေသများကတော့
စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသအချို့၊ မကွေးတိုင်းမြောက်ပိုင်းဒေသအချို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့၊ မွန်ပြည်နယ်ဒေသအတော်များများ၊ ကရင်ပြည်နယ်တောင်ပိုင်းဒေသအချို့ တို့ဖြစ်ကြပါတယ်။
(၄) NASA ဂြိုဟ်တုများရဲ့ (၁၁၃-၈-၂၀၁၃)ရက် နံနက် (၉း၁၀)နာရီ တိုင်းတာချက် အရ ရေဖုံးလွှမ်းခံရဖို့အလားအလားမြင့်မားနေတဲ့ဒေသတွေ (Areas with Severe Flood Potential on 08/12/2013 2100Z- Analysis generated at 08/13/2013
0245Z) အဖြစ် မုံရွာ၊ ပဲခူး၊ မအူပင်၊ မင်္ဂလာဒုံ နဲ့ သထုံ ဒေသတွေ ( Affected
Areas: Monywa, Bago, Maubin, Yangon(Mingalardon), Thaton townships.)
ဖြစ်ကြပါတယ်။ နေရာဒေသတွေကို လတ္တီတွဒ်-လောင်ဂျီတွဒ်တွေနဲက
အတိအကျဖေါ်ပြပေးထားပါတယ်။ ဖေါ်ပြပါမြို့တွေကို
ရေဖုံးလွှမ်းနေပြီလိုကဆိုလိုရင်းမဟုတ်ပါ။ ရေဖုံးလွှမ်းမှုအလားအလာမြင့်မားနေတဲ့နေရာများနဲ့ အနီးဆုံးမြို့များ သာဖြစ်ပါတယ်။
Weather News Update
13-8-2013
10:37 am
ဒေါက်တာထွန်းလွင် (MCCW)
0 comments:
Post a Comment