RangonNewsDaily:: Aug 13, 2013
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ သြဂုတ်လ(၁၁)ကတစ်နေ့တည်း
သေမှုသေခင်း(၆) မှု ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ယင်းနေ့ဖြစ်စဉ်များမှာ ကမာရွတ်မြို့နယ်(၉)ရပ်ကွက် ရန်ကုန်တက္ကသိုလ်ဓမ္မာရုံရေစက်ဝင်းအတွင်း လူတစ်ဦးလဲကျသေဆုံးနေကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများသွားရောက်စစ်ဆေးရာ ရေစက်ဝင်းအတွင်း နေထိုင်သူ အောင်စိုးဝင်း ၂၉နှစ်ဟု သိရသည်။ ၄င်းမှာအရက်အလွန်အကျွံသောက်တတ်သူဖြစ်ပြီးလွန်ခဲ့သော တစ်ပတ်ခန့်က အရက်ဖြတ်ထားသဖြင့် စိတ်ကယောင်ချောက်ချားဖြစ်ကာ ရန်ကုန်ဆေးရုံကြီး၌ ပြင်ပလူနာအဖြစ်တက်ရောက်ကုသနေရသူဖြစ်သည်။
ရွှေပြည်သာမြို့နယ် ၁၁ ရပ်ကွက် မောရ၀တီပန်းခြံကွက်တွင်အနက်တစ်ပေခွဲရှိ
ရေအိုင်အတွင်း ၁၁ ရပ်ကွက် လေးမာန်အောင်လမ်းနေ ဦးသိန်းဝင်းအသက်(၅၀)နှစ်
ဆိုသူမှာ မှောက်လျက်သေဆုံးနေသဖြင့် တာဝန်ရှိသူများက
သွားရောက်စစ်ဆေးစုံစမ်းရာ သေဆုံးသူ ဦးသိန်းဝင်းသည်လွန်ခဲ့သော(၃)ရက်ခန့်က အရက်သေစာသောက်စားပြီး နေအိမ်မှထွက်သွားကာ လေဖြတ်ရောဂါ
ဖြစ်ဖူးပြီး အောက်ပိုင်းမသန်သူဖြစ်သည်ဟု သိရသည်။
ရွှေပြည်သာမြို့နယ် ၁၁ ရပ်ကွက် မောရ၀တီပန်းခြံကွက်တွင်အနက်တစ်ေ
ဖြစ်ဖူးပြီး အောက်ပိုင်းမသန်သူဖြစ်သည်ဟု သိရသည်။
တွံ့တေးမြို့နယ် ကျွန်းတောရပ်ကွက်(၉)လမ်းရှိ
ခရစ်ယာန်သင်္ချိုင်းဝင်းအတွင်းရှိ ရေကန်တွင် ရှမ်းစုကျေးရွာနေ စိုးဝေလင်း
အသက်(၃၆)နှစ်ရှိသူ သေဆုံးနေကြောင်းသိရသဖြင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာ ၄င်းသည် အရက်အလွန်အကျွံသောက်တတ်ကာ စိတ်ပေါ့သွပ်သူတစ်ဦးဖြစ်ပြီးသြဂုတ်လ(၈)ရက်နေ့ကတည်းကနေ အိမ်မှခြံထဲသို့သွားမည်ဟု ပြောဆိုထွက်သွားပြီး ပျောက်ဆုံးနေသူ
တစ်ဦးဖြစ်သည်ဟု သိရသည်။
တိုက်ကြီးမြို့နယ်တွင် မလေးရှားဝိုင်ကျေးရွာအနီးအနက်(၄)ပေရှိ
ကုလားကြီးစမ်းချောင်းအတွင်း အမျိုးသားတစ်ဦး သေဆုံးနေပြီး ၄င်းသည်
လွန်ခဲ့သော(၁၂)ရက်ခန့်က အရက်ကြောင်ကာ ပျောက်ဆုံးနေသူဖြစ်သည်။
တစ်ဦးဖြစ်သည်ဟု သိရသည်။
တိုက်ကြီးမြို့နယ်တွင် မလေးရှားဝိုင်ကျေးရွာအနီးအနက်(၎
သုံးခွမြို့နယ်စပါယ်ချောင်ကျေးရွာတွင်အနက်(၁၃)ပေခန့်ရှိချောင်းအတွင်းရေဆင်းချိုးရာမှအသက်(၄၈) နှစ်ရှိသူ ဦးထွန်းအေး စပါယ်ချောင်ကျေးရွာနေသူ ရေနစ်သေဆုံးနေသည်ကို တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ကြသည်။
မိုင်တိုင်အမှတ်၅/၁၂အနီးလှိုင်မြို့နယ်
ကမာရွတ်ဘူတာတွင် အသက် ၄၅ နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦး ရထား
တိုက်ခံရကြောင်းသိရ၍ တာဝန်ရှိသူများကသွားရောက်စစ်ဆေးရာ အင်းစိန်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသည့်ဇီယာ(၆)မြို့ပတ်
ရထားဖြင့်စီးနင်းလာရာမှ ရထားအရှိန်လျှော့စဉ် ရထားပေါ်မှခုန်ဆင်းရာ
တစ်ဖက်ရထားလမ်းမှလာသည့် ရထားဖြင့် ပွတ်တိုက်ခံရပြီး ဒဏ်ရာများရရှိ၍
ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
မိုင်တိုင်အမှတ်၅/
ရထားဖြင့်စီးနင်းလာရာမှ ရထားအရှိန်လျှော့စဉ် ရထားပေါ်မှခုန်ဆင်းရာ တစ်ဖက်ရထားလမ်းမှလာသည့် ရထားဖြင့် ပွတ်တိုက်ခံရပြီး ဒဏ်ရာများရရှိ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment