Pages

Wednesday, July 10, 2013

တောင်သူများ အတွက် Farmers Channel ရုပ်သံလိုင်း လွှင့်မည်

Wednesday, 10 July 2013

တောင်သူများအား အကျိုးပြုနိုင်ရန် ရည်ရွယ်ထုတ်လွှင့်မည့် Farmers Channel ရုပ်သံလိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ Channel တခုအဖြစ် လာမည့် စက်တင်ဘာလတွင် စတင် စမ်းသပ်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ
ထား သည်။

ကျေးလက်ဒေသနေ တောင်သူများအတွက် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ ရရှိစေရေး ဆောင်ရွက်ပေးနိုင် မည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Farmers Channel နှင့် FM Radio လိုင်းများ ထုတ်လွှင့်ရေး ညှိနှိုင်းအစည်း အဝေးတွင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

ဧရာဝတီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၀.၇.၂၀၁၃

0 comments:

Post a Comment

 
world time