Pages

Wednesday, July 10, 2013

ဆက်ဆံရေး မချောမွေ့ဖြစ်နေချိန် မြောက်ကိုရီးယား အရှေ့ပိုင်း ပင်လယ်တွင် ငါးမဖမ်းရန် တရုတ်အစိုးရ တားမြစ်

Photo: ဆက်ဆံရေး မချောမွေ့ဖြစ်နေချိန် မြောက်ကိုရီးယား အရှေ့ပိုင်း ပင်လယ်တွင် ငါးမဖမ်းရန် တရုတ်အစိုးရ တားမြစ်
Wednesday, 10 July 2013 

မြောက်ကိုရီးယား အရှေ့ဘက်ခြမ်း ပင်လယ်ပြင်ဘက်သို့ ငါးဖမ်းလှေများ မသွားကြရန် တရုတ်အစိုးရ က ၎င်း၏ မဟာမိတ် မြောက်ကိုရီးယားနှင့် မပြေလည်မှုများ ဆက်တိုက် ဖြစ်ပေါ်နေစဉ် ပိတ်ပင် ထားလိုက်ကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြသည်။

ယခင်က တရုတ် ငါးဖမ်း သင်္ဘောများ မြောက်ကိုရီးယား ရေပိုင်နက်ထဲတွင် တရားဝင် ငါးဖမ်းခွင့် ရခဲ့ရာမှ ယခု လောင်စာဆီကို ကိုယ့်စိတ်ကြိုက် စီမံခွင့် မပြုတော့ဘဲ မြောက်ကိုရီးယားဘက်ကသာ ဝယ်ယူရန် သတ်မှတ်ခဲ့ရာမှ တရုတ်အစိုးရက ငါး သွားမဖမ်းကြရန် ကန့်သတ်လိုက်ခြင်း ဖြစ်ပေသည်။

‘မြောက်ကိုရီးယားဘက်မှ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ကျွန်ုပ်တို့ဘက်က ငါးဖမ်း လှေပိုင်ရှင်များနှင့် ကုမ္ပဏီများက ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းနှင့် လုံခြုံရေးကို ထိခိုက်လာနိုင်ခြေ ရှိသည်ဟု ယူဆကြသည်’ ဟု တရုတ်အစိုးရ သတင်း စာမျက်နှာတွင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုထားသည်။

မြောက်ကိုရီးယား အရှေ့ပိုင်း ပင်လယ်ပြင်သည် ယခင်ကတည်းက ရှုပ်ထွေးကာ မကြာခဏ အပြောင်းအလဲ များလွန်းသော မြောက်ကိုရီးယား ဘက်က သဘောထားများကြောင့် အန္တရာယ်များ လှပြီး ရုရှား၊ ဂျ ပန်နှင့် တောင်ကိုရီးယားတို့ ပိုင်သော ရေပြင်များနှင့် ဆက်စပ်နေလျက် ရှိသည်။

‘မြောက်ကိုရီးယားဘက်မှာ သွားရောက် လုပ်ကိုင်နေတဲ့ ကျွန်ုပ်တို့ ငါးဖမ်းလှေတွေဟာ သေသေချာချာ စီမံမှု မရှိခဲ့ပါလျှင် သံတမန်ခင်းအရ မတော်တဆမှု၊ ငြိစွန်းမှုများ ဖြစ်နိုင်ပေသည်’ ဟုလည်း တရုတ်အစိုးရက ထုတ်ပြန်ထားသေးသည်။

အဆိုပါ ကြေညာချက်အရ မြောက်ကိုရီးယား အနောက်ဘက် ပင်လယ်ပြင် တွင် ငါးဖမ်းနေသော ငါးဖမ်းလှေများကိုမူ တားမြစ်ထားခြင်း မတွေ့ရပေ။

မေလအတွင်းက မြောက်ကိုရီးယားက တရုတ် ငါးဖမ်းသင်္ဘော တစ်စင်းကို အနောက်ဘက် ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့သောကြောင့် တရုတ်တွင် မကျေနပ်မှုများ ဖြစ်ပွားခဲ့သေးသည်။

နောက်ရက်ပိုင်းတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝင်ရောက် ဖြန်ဖြေပေးခဲ့သောကြောင့် အဆိုပါ ငါးဖမ်းလှေကို ပြန်လည် လွှတ်ပေးခဲ့သည်။

မြောက်ကိုရီးယားအတွက် စီးပွားရေးနှင့် နိုင်ငံရေးအရ အဓိ က ကျောထောက်နောက်ခံ ပေးထားသော အရေးပါသည့် မဟာမိတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားတို့အကြား မပြေလည်မှု များ ယခုကာလအတွင်း ဆက်တိုက် ဖြစ်နေခဲ့သည်။

နျူကလီးယား စမ်းသပ်မှုများ၊ တိုက်ချင်းပစ် ဒုံးကျည် အစီအစဉ် စမ်းသပ်မှု များအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုကို ဆန့်ကျင်လျက် ပြုလုပ် ခဲ့သောကြောင့် ဘေဂျင်းက မြောက်ကိုရီးယားအပေါ် ကန့်ကွက်ခဲ့ကာ တရုတ် ဘဏ်များရှိ မြောက်ကိုရီးယား နိုင်ငံခြား ငွေကြေးများကို ဆိုင်းငံ့ထားခဲ့သည်။

The Voice Weekly

Wednesday, 10 July 2013

မြောက်ကိုရီးယား အရှေ့ဘက်ခြမ်း ပင်လယ်ပြင်ဘက်သို့ ငါးဖမ်းလှေများမသွားကြရန် တရုတ်အစိုးရက ၎င်း
၏ မဟာမိတ် မြောက်ကိုရီးယားနှင့် မပြေလည်မှုများ ဆက်တိုက် ဖြစ်ပေါ်နေစဉ် ပိတ်ပင် ထားလိုက်ကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြသည်။ ယခင်က တရုတ် ငါးဖမ်း သင်္ဘောများ မြောက်ကိုရီးယား ရေပိုင်နက်ထဲတွင် တရားဝင် ငါးဖမ်းခွင့် ရခဲ့ရာမှ ယ
ခု လောင်စာဆီကို ကိုယ့်စိတ်ကြိုက် စီမံခွင့် မပြုတော့ဘဲ မြောက်ကိုရီးယားဘက်ကသာဝယ်ယူရန်သတ်မှတ်
ခဲ့ရာမှ တရုတ်အစိုးရက ငါး သွားမဖမ်းကြရန် ကန့်သတ်လိုက်ခြင်း ဖြစ်ပေသည်။

‘မြောက်ကိုရီးယားဘက်မှအဆိုပါဆုံးဖြတ်ချက်ကြောင့် ကျွန်ုပ်တို့ဘက်က ငါးဖမ်း လှေပိုင်ရှင်များနှင့် ကုမ္ပဏီ
များက ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းနှင့် လုံခြုံရေးကို ထိခိုက်လာနိုင်ခြေ ရှိသည်ဟု ယူဆကြသည်’ ဟု တရုတ်အ
စိုးရ သတင်း စာမျက်နှာတွင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုထားသည်။

မြောက်ကိုရီးယား အရှေ့ပိုင်း ပင်လယ်ပြင်သည် ယခင်ကတည်းက ရှုပ်ထွေးကာ မကြာခဏ အပြောင်းအလဲ များလွန်းသော မြောက်ကိုရီးယား ဘက်က သဘောထားများကြောင့် အန္တရာယ်များ လှပြီး ရုရှား၊ ဂျ ပန်နှင့်
 တောင်ကိုရီးယားတို့ ပိုင်သော ရေပြင်များနှင့် ဆက်စပ်နေလျက် ရှိသည်။

‘မြောက်ကိုရီးယားဘက်မှာ သွားရောက် လုပ်ကိုင်နေတဲ့ ကျွန်ုပ်တို့ ငါးဖမ်းလှေတွေဟာ သေသေချာချာ စီမံမှု မရှိခဲ့ပါလျှင် သံတမန်ခင်းအရ မတော်တဆမှု၊ ငြိစွန်းမှုများ ဖြစ်နိုင်ပေသည်’ ဟုလည်း တရုတ်အစိုးရကထုတ်
ပြန်ထားသေးသည်။

အဆိုပါ ကြေညာချက်အရ မြောက်ကိုရီးယား အနောက်ဘက် ပင်လယ်ပြင် တွင် ငါးဖမ်းနေသော ငါးဖမ်းလှေ
များကိုမူ တားမြစ်ထားခြင်း မတွေ့ရပေ။

မေလအတွင်းက မြောက်ကိုရီးယားက တရုတ် ငါးဖမ်းသင်္ဘော တစ်စင်းကို အနောက်ဘက် ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့သောကြောင့် တရုတ်တွင် မကျေနပ်မှုများ ဖြစ်ပွားခဲ့သေးသည်။

နောက်ရက်ပိုင်းတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝင်ရောက် ဖြန်ဖြေပေးခဲ့သောကြောင့် အဆိုပါ ငါး
ဖမ်းလှေကို ပြန်လည် လွှတ်ပေးခဲ့သည်။

မြောက်ကိုရီးယားအတွက်စီးပွားရေးနှင့် နိုင်ငံရေးအရအဓိ က ကျောထောက်နောက်ခံ ပေးထားသော အရေး
ပါသည့် မဟာမိတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားတို့အကြား မပြေလည်မှု များ ယခုကာ
လအတွင်း ဆက်တိုက် ဖြစ်နေခဲ့သည်။

နျူကလီးယား စမ်းသပ်မှုများ၊ တိုက်ချင်းပစ် ဒုံးကျည် အစီအစဉ် စမ်းသပ်မှု များအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့
မှုကို ဆန့်ကျင်လျက် ပြုလုပ် ခဲ့သောကြောင့် ဘေဂျင်းက မြောက်ကိုရီးယားအပေါ် ကန့်ကွက်ခဲ့ကာ တရုတ် ဘဏ်များရှိ မြောက်ကိုရီးယား နိုင်ငံခြား ငွေကြေးများကို ဆိုင်းငံ့ထားခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 10.7.2013

0 comments:

Post a Comment