ဓာတ်ပုံ- ဥက္ကာကိုကို |
ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၆၉၀၀ခန့်တွင်တည်ရှိပြီး နှစ်စဉ်နှင်းခဲတတ်သည့်
တောင်တန်းရှည်
ကြီးများ သေသပ်လှပစွာ ၀န်းရံထားသော
မြန်မာပြည်အရှေ့မြောက်ဖျား နယ်နိမိတ်မျဉ်းပေါ်က မြို့နယ်လေး
သည်မူရင်း
ဒေသခံများဖြစ်သော လော်ဝေါ်၊လချိတ်၊လီဆူးလူမျိုးတို့၏လိုတရနတ်ဗိမာန်တစ်ခုဖြစ်ခဲ့ပြီး ကြက်
ပျံမကျစည်ကားခဲ့သည်ဟု
ယနေ့လက်ညှိုးထိုးပြလျှင် မည်သူ မျှယုံနိုင်ဖွယ်ရာ မရှိပါပေ။
လွန်ခဲ့သည့် နှစ်တွေမှာ စည်ကားသိုက်မြိုက်လွန်းပါသည်ဟု ဒေသခံတို့
တခုတ်တရပြောပြကြသည့် မြို့လေး
က မြန်မာ့ဒီမိုကရေစီသက်တမ်း
သုံးနှစ်နီးပါးအတွင်းမှာပင် ရှေးဟောင်းမြို့ပျက်တစ်ခုအလား
သမိုင်းတင်ရမ
လိုလို အခြေအနေသို့ ရုတ်ခြည်းပြောင်းလဲသွားခဲ့ပါပြီ ။
ထိုမြို့လေးသည်ပြည်တွင်းမှအရောက်အပေါက်နည်းပါးပြီးနာမည်ကျော်မြိုတစ်မြို့မဟုတ်သော်လည်းတရုတ်
ထိုမြို့လေးသည်ပြည်တွင်းမှအရောက်အပေါက်နည်းပါးပြီးနာမည်ကျော်မြိုတစ်မြို့မဟုတ်သေ
-မြန်မာနယ်စပ်မျဉ်းပေါ်တွင် တည်ထားသော မြန်မာ့မြေပိုင်နက်မှ မြို့လေးကို ပန်ဝါဟု ခေါ်ပါသည်။
ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဧပြီလတွင် ပန်ဝါမြို့၊ လုပီကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကို ကေအိုင်အေမှဝင်ရောက်တိုက်ခိုက်ရာကအစပြုခဲ့သော တိုက်ပွဲများ၏ ရိုက်ခတ်မှုက ပန်ဝါကို မြို့
ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဧပြီလတွင် ပန်ဝါမြို့၊ လုပီကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကို ကေအိုင်အေမှဝင်ရောက်တိုက်ခိုက်ရာကအစပြုခဲ့သော တိုက်ပွဲများ၏ ရိုက်ခတ်မှုက ပန်ဝါကို မြို့
ပျက်တစ်ခုနှင့်မခြား ဖြစ်သွားစေခဲ့သည်။ထိုအခြေအနေကယခု၂၀၁၃ ခုနှစ်ဇွန်လအထိနာလန်မထူနိုင်သေး
ဟု ဆိုရပါမည်။
စီးပွားရေးဇုန်နယ်မြေအဖြစ် သတ်မှတ်ထားသော ပန်ဝါ၏ အဆောက်အအုံများက မြို့ပျက်ဟူသည့်အသုံးအ
စီးပွားရေးဇုန်နယ်မြေအဖြစ် သတ်မှတ်ထားသော ပန်ဝါ၏ အဆောက်အအုံများက မြို့ပျက်ဟူသည့်အသုံးအ
နှုန်းကို သက်သေပြနေပါသည်။ လေးလမ်းသွားလမ်းတစ်လျှောက်
ပြည့်နှက်နေသည့် နွားချေး၊ ဆိတ်ချေးပုံ
များ၊ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ
ယခင်ကတစ်နေရာရရှိရန်ပင် မလွယ်ကူသည့် ဆိုင်ခန်းတွဲများ၊
အဆိုပါ
ဆိုင်ခန်းတွဲများ၏ ပျက်စီးကျိုးပဲ့နေသည့် တံခါးချပ်များ၊ လမ်းပေါ်မှာ
ပြန့်ကျဲနေသည့် လျှပ်စစ်မီးချောင်းများ၊ မှန်ကွဲစများ၊ အဆောက်အအုံမှန်တံခါး
တချို့ကို ဖောက်ထွင်းထားသည့် ကျည်ဆန်ရာများ စသည်တို့က ပန်
ဝါ၏ အတိတ်ဆိုးကို
ညွှန်းဆိုလျက်ရှိသည်။
တကယ်တော့... ပန်ဝါမြို့အတွက် ယခုကဲ့သို့ လူသူတိတ်ဆိတ်ခြောက်ကပ်သွားရသည့် အကြောင်းရင်းနှစ်ခု
တကယ်တော့... ပန်ဝါမြို့အတွက် ယခုကဲ့သို့ လူသူတိတ်ဆိတ်ခြောက်ကပ်သွားရသည့်
ရှိခဲ့ပါသည်။
ပထမတစ်ခုမှာ ၂၀၀၅ ခုနှစ်ကဒီမိုကရေစီသစ် တပ်မတော်(ကချင်)၏ ဥက္ကဋ္ဌ
ဦးဇခုန်တိန့်ယိန်း ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေစဉ် အဖွဲ့အစည်းအတွင်းအာဏာသိမ်းမှုကြီးပင်ဖြစ်သည်။သို့သော် ဒေသခံ
ပြည်သူ လူထုလက်မခံသောကြောင့်
အောင်မြင်သည့် အာဏာသိမ်းပွဲ မဖြစ်ခဲ့ဘဲ ပန်ဝါဒေသ၏ စီးပွားရေး
ယိုင်နဲ့စေခဲ့သည်ပဲ အဖတ်တင်သွားသည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ.. .
၂၀၁၂ ခုနှစ် ဧပြီလတွင် ကေအိုင်အေတပ်ဖွဲ့၏ မြို့သိမ်းရန် ထိုးစစ်ဆင်တိုက်ခိုက်မှုမှ စတင်ကာ ပန်ဝါဒေသ
၂၀၁၂ ခုနှစ် ဧပြီလတွင် ကေအိုင်အေတပ်ဖွဲ့၏ မြို့သိမ်းရန် ထိုးစစ်ဆင်တိုက်ခိုက်မှုမှ စတင်ကာ ပန်ဝါဒေသ
တွင်း မငြိမ်မသက်မှုတွေ
ဖြစ်ပေါ်လာခဲ့သည်။ ကေအိုင်အေသည် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေး
အဖွဲ့၏
ဌာနချုပ်ဖြစ်သော ပန်ဝါကို သိမ်းပိုက်ရန်အတွက် လုပီကျေးရွာအနီးရှိ
နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကိုမမျှော်လင့်ဘဲကနဦးဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။၎င်းတို့၏ ထိုးစစ်ကြောင့်
နယ်ခြားစောင့်တပ်ရင်းမှာ
နောက်ဆုံးဗဟိုကင်းကုန်းအထိ ဆုတ်ခွာခုခံခဲ့ကြရပြီး
တပ်ရင်းရှိ မိန်းမ၊ ကလေးမကျန် ပါဝင်တိုက်ခိုက်ခဲ့ကြရ
သည်ဟု တိုက်ပွဲဝင်ခဲ့
သူတို့က ပြန်ပြောပြသည်။
နောက်ဆုံးတွင် တပ်မတော်မှ စစ်ကူပေးပို့ခဲ့သည့်အပြင်တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် နယ်မြေရှင်းလင်း
နောက်ဆုံးတွင် တပ်မတော်မှ စစ်ကူပေးပို့ခဲ့သည့်အပြင်တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့်
ခဲ့သည့်အတွက် ကေအိုင်အေတပ်ဖွဲ့များကို တပ်လန်ဆုတ်ခွာသွားစေခဲ့သည်။
ထိုတိုက်ပွဲ အခြေအနေတို့ကြောင့် လမ်းတံတားတည်ဆောက်ရေး၊ စက်ရုံအလုပ်ရုံတည် ဆောက်ရေး၊ တိုက်
ထိုတိုက်ပွဲ အခြေအနေတို့ကြောင့် လမ်းတံတားတည်ဆောက်ရေး၊ စက်ရုံအလုပ်ရုံတည် ဆောက်ရေး၊ တိုက်
တာ အိုးအိမ် တည်ဆောက်ရေး အစရှိသည့်
ဒေသဖွံ့ဖြိုးရေးစီမံကိန်းများတွ င်
အလုပ်ဝင်နေကြသည့် တရုတ်
နိုင်ငံသားများ အထုပ်ဆွဲ၍ အိမ်ပြန်သွားခဲ့ကြသည်။
တရုတ်နယ်နိမိတ်အနီးရှိ မြို့လယ်ကောင်နေရာမှအပ အခြားနေရာအသီးသီးမှာ
ပျက်စီးယိုယွင်းနေသည့် အဆောက်အအုံများ၊ ဆောင်ရွက်လက်စ
ကျန်ရစ်ပစ္စည်း
များကိုသာ မြင်တွေ့ရတော့သည်။ ထိုဖြစ်ရပ်များက တစ်နှစ်ကျော်ပဲ
ကြာမြင့်ပါသေးသည်။
ယခင်အုပ်ချုပ်ခဲ့သည့် လူမျိုးစုအကြီးအကဲလက်ထက်မှာ လုံခြုံနွေးထွေး အေးချမ်းသာယာလှသည့် ပန်ဝါဒေ
ယခင်အုပ်ချုပ်ခဲ့သည့် လူမျိုးစုအကြီးအကဲလက်ထက်မှာ လုံခြုံနွေးထွေး အေးချမ်းသာယာလှသည့် ပန်ဝါဒေ
သသည် အစိုးရသစ်လက်ထက်တွင် ကျီးနှင့်ဖုတ်ဖုတ်ဖြစ်သွားရသည့် အခြေအနေကို
ရိုးသားအေးဆေးသည့်
ဒေသခံတိုင်းရင်းသားတို့က နားမလည်နိုင်ဘဲဖြစ်နေကြပါသည်။
“အရင်တုန်းက ဒီလို ဖြစ်စရာမရှိဘူး” ဟု သူ
တို့က ပြောကြပါသည်။
သူတို့အကြီးအကဲများသည် ဒေသဖွံ့ဖြိုးရေးကို မျှော်မှန်းလျက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ခဲ့သည်။ အာဏာကို စွန့်လွှတ်လျက် မိမိပိုင်ဆိုင်သည့် တပ်အင်အားကို အချုပ်အခြာပိုင် အစိုးရဆီသို့ လွှဲပြောင်းပေးခဲ့
သူတို့အကြီးအကဲများသည် ဒေသဖွံ့ဖြိုးရေးကို မျှော်မှန်းလျက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ခဲ့သည်။ အာဏာကို စွန့်လွှတ်လျက် မိမိပိုင်ဆိုင်သည့် တပ်အင်အားကို အချုပ်အခြာပိုင် အစိုးရဆီသို့ လွှဲပြောင်းပေးခဲ့
သည်။ထိုသို့လျှင်မိမိတို့နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုကာကွယ်စောင့်ရှောက်
ရန်မှာ
ပြည်ထောင်စုအစိုးရတွင် တာဝန်အပြည့်အ၀ ရှိသွားပြီဟု ဒေသခံများက
မမှိတ်မသုန်ခံယူထားကြ
သည်။
ပေပေါင်း ၈၀၀၀ နှင့် ၉၀၀၀ ကြား အမြင့်ရှိ တောင်စွယ်တန်းများကြားမှာ မဟာဗျူဟာကျကျ ခံတပ်သဖွယ်
ပေပေါင်း ၈၀၀၀ နှင့် ၉၀၀၀ ကြား အမြင့်ရှိ တောင်စွယ်တန်းများကြားမှာ မဟာဗျူဟာကျကျ ခံတပ်သဖွယ်
တည်ရှိနေသည့်
ပန်ဝါမြို့ကို အမျိုးသားဒီမိုကရေစီသစ်တပ်မတော်
(ကချင်)ကို ဦးစီးသူ ဦးဇခုန်တိန့်ယိမ်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခင်က
လူနေထိုင်ခြင်းမရှိသော ဘမ်ဝေါ် (တောင်ပေါ်တွင်ပေါက်သောဝါး)
တောင်ကြား
ကာလကြာမြင့်လာသောအခါ ဘမ်ဝေါ်မှသည်ပန်ဝါဟု အမည်တွင်လာခဲ့သည်။ ၁၉၇၀
ပြည့်နှစ်
ခန့်က ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်များစတင်နေထိုင်ရာမှတဖြည်းဖြည်း လူသူအရောက်အပေါက်
ရှိလာခဲ့သည်ဟု သမိုင်းကြောင်းအရ သိရသည်။
၁၉၇၀
ပြည့်နှစ်တွင် ရေခဲတတ်သည့် တောင်တန်းများကြားတွင် ပန်ဝါဟု အမည်တွင်လာမည့်
မြို့လေးတစ်
မြို့ကို ၎င်း၏ NDAK တပ်မတော် ဌာနချုပ်အဖြစ် ဦးဇခုန်တိန့်ယိမ်းက
ဖန်တီးမွေးဖွားပေးခဲ့သည်။
၎င်းသည် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို တစ်သီး ပုဂလ (ကချင်ပြည် နယ်)ကိုယ်စား
၎င်းသည် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို တစ်သီး ပုဂလ (ကချင်ပြည် နယ်)ကိုယ်စား
ပြုဝင်ရောက်ယှဉ်ပြိုင်အနိုင်ရကာအမျိုးသားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးအနေ နှင့် နိုင်ငံတည်ဆောက်
ရေးလမ်းကြောင်းေ ပ်ါသို့ တက်ရောက်သွား ခဲ့သည်။
မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စုခုနစ်စု၊ ကျေးရွာပေါင်း၃၀ပါဝင်ပြီးစတုရန်းမိုင်ပေါင်း ၄၃၂ မိုင် ကျယ်ဝန်း
မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စုခုနစ်စု၊ ကျေးရွာပေါင်း၃၀ပါဝင်ပြီးစတုရန်းမိုင်ပေါင်း ၄၃၂ မိုင် ကျယ်ဝန်း
သောပန်ဝါဒေသတွင်လီဆူး၊ လာချိတ်၊
ဗမာ၊ ရှမ်း၊ ဂျိမ်းဖောစသည့်လူမျိုးစုများ ဦးရေ
ရှစ်ထောင်ခန့်ရောနှော
နေထိုင်ကြသ ည်။
ထို့အပြင် နယ်နိ မိတ်ချင်းငါးပေသာ ကွာဝေးသော အိမ်နီးချင်းတရုတ်နိုင်ငံမှတိုင်းရင်းသား
များလည်းရေကြည်ရာမြက်နုရာလာရောက်လုပ်ကိုင်စားသာက်လျက်ရှိသည်ကိုတွေ့ရသည်။ ခရစ်ယာန်ဘာ
သာဝင်အများဆုံးနေထိုင်ကြသော်လည်း
ပြည်ထောင်စုနယ်မြေအထိမ်းအမှတ်အဖြစ်ဇမ္ဗူငြိမ်းစေတီနှင့် အရံ
စေတီနှစ်ဆူကိုလည်း တောင်ထိပ်မှာ ရွှေရောင်တ၀င်းဝင်းဖြင့် ဖူးမြင်ရသည်။
နယ်စပ်မြို့ဖြစ်၍သာအတန်အသင့်စည်ကားခဲ့သော်လည်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိသည့်
နယ်စပ်မြို့ဖြစ်၍သာအတန်အသင့်စည်ကားခဲ့သော်လည်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိသည့်
အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသ ည့်
ဒေသတစ်ခုဖြစ်သည်။ ဒေသခံအများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူ
ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စပါး၊ ပြောင်းဖူး၊ အာလူးတို့သာ
အဓိကထွက်ရှိသည်ကို တွေ့ရသည်။ အနိမ့်ဆုံးအပူချိန် ရေခဲမှတ်အောက် ၂
ဒီဂရီရှိသည့် တောင်တန်းများပေါ်မှာ ထင်ရှူးပင်တို့က
တစ်မျှော်တစ်
ခေါ်ပေါက်ရောက်လျက်ရှိပြီး သစ်တောပြုန်းတီးမှုမရှိသေးသည့် ဒေသဖြစ်သည်။
ကျေးရွာဒေသလူထုစီးပွားရေးနှင့်ပ တ်သက်၍
မြိုအုပ်ချုပ်ရေးကော်မတီမှဦးဝမ်ထယ်ဘရန်အောင်ကတရုတ်
ကျေးရွာဒေသလူထုစီးပွားရေးနှင့်ပ
အာလူး၊
ပြောင်းဖူးကလွဲလို့ ဘာမှလုပ်စားမရဘူး။ ဆိတ်၊ နွား၊ ၀က်မွေးပြီး ဖြစ်သလို
ရုန်းကန်ရှာဖွေနေကြတာ
ပဲ။ အရောင်းအ၀ယ်ဆိုတာကလည်း ဒေသခံတွေက
အရင်းအနှီးမရှိတော့ မလုပ်နိုင်ဘူး။ ပိုက်ဆံရှိတဲ့ လူတွေ
ပဲ
လုပ်နိုင်တာဖြစ်နေတယ်” ဟု ရှင်းပြသည်။
မူလတန်းကျောင်းဆယ်ကျောင်းနှင့်အလယ်တန်းကျောင်း၊အထက်တန်းကျောင်းတစ်ကျောင်းစီဖွင့်လှစ်ထား
မူလတန်းကျောင်းဆယ်ကျောင်းနှင့်အလယ်တန်းကျောင်း၊အထက်တန်းကျောင်းတစ်ကျောင်းစီဖွင့်လှစ်ထား
ပြီးဖြစ်သော်လည်းပန်ဝါဒေသ၏စာတတ်မြောက်မှုနှုန်းမှာ၅၄ရာခိုင်နှုန်းသာ ရှိနေပါသေးသည်။
မြစ်ကြီးနား
မြို့တွင် ၂၄ နာရီလျှပ်စစ် မီးမရရှိသေးသော်လည်း
ပန်ဝါမြို့လေးမှာတော့ လျှပ်စစ်မီးကို တစ်ယူနစ်လျှင်ကျပ်
၁၃၀
နှုန်းခန့်ဖြင့် ၂၄ နာရီလုံး သုံးစွဲနိုင်ကြပါသည်။ ကချင်အထူးဒေသ (၁)ပိုင်
ဆန်းလင်းကုမ္ပဏီက ရေအား
လျှပ်စစ် ဓာတ်အားပေးရုံ တည်ဆောက်၍တရုတ်ပြည်မှပညာရှင်များကိုပင် ခေါ်ယူခန့်ထားနိုင်ခဲ့ပြီး ပန်ဝါဒေ
သအတွင်း
ကျေးရွာများပါမကျန် လျှပ်စစ်မီးကို ဖောဖောသီသီ ရရှိထားကြသည်။
ထိုသို့ရရှိရန်အတွက်လည်း ပန်ဝါဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးရေး စီမံကိန်းများကို ကချင်အထူးဒေသ(၁)ကသာ အဓိကပြုလုပ်ပေး ထားသည်ကို တွေ့ရသည်။ နိုင်ငံတော်အုပ်ချုပ်မှုလက်အောက် ရောက်ရှိနေပြီဖြစ်သော်
ထိုသို့ရရှိရန်အတွက်လည်း ပန်ဝါဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးရေး စီမံကိန်းများကို ကချင်အထူးဒေသ(၁)ကသာ အဓိကပြုလုပ်ပေး ထားသည်ကို တွေ့ရသည်။ နိုင်ငံတော်အုပ်ချုပ်မှုလက်အောက်
လည်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအားလုံးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်တို့က အစိုးရဌာနဆိုင်ရာ အဆောက်အအုံ တည်ဆောက်ရာက အစပါဝင်ကူညီထောက်ပံ့နေကြရဆဲဟု ဆိုသည်။
ယခင်ကအစိုးရအုပ်ချုပ်ရေးလက်လှမ်းမမီသည့်ပန်ဝါဒေသရှိNDA-K ဌာနချုပ်တပ်ဖွဲ့ဝင်များ နယ်ခြားစောင့်
ယခင်ကအစိုးရအုပ်ချုပ်ရေးလက်လှမ်းမမီသည့်ပန်ဝါဒေသရှိNDA-K ဌာနချုပ်တပ်ဖွဲ့ဝင်များ နယ်ခြားစောင့်
တပ်အဖြစ်အသွင်ကူးပြောင်းသွားပြီးသည့်နော က်ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ဒေသလူမျိုးစုခေါင်း
ဆောင်အဖြစ်လည်း
ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိမ်းတို့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သွားသည့်
အချိန်မှာ
တော့ ပန်ဝါဒေသကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊
ချီဖွေမြို့နယ်အပိုင်တွင် ပါဝင်သည့် မြို့နယ်ခွဲအဖြစ်
နိုင်ငံတော်က
သတ်မှတ်ပေးလိုက်သည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ၁၄ရက်တွင် မြို့နယ်ခွဲသစ်ပန်ဝါဒေသသို့အထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦး ရောက်
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ၁၄ရက်တွင် မြို့နယ်ခွဲသစ်ပန်ဝါဒေသသို့အထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦး ရောက်
ရှိလာခဲ့သည်။ အချိန်တိုအတွင်း အုပ်ချုပ်ရေးမှူးသုံးဦးပြောင်း လဲခဲ့သည့်
ပန်ဝါမြို့တွင် ယခုအခါမှာတော့ မြို့
အင်္ဂါရပ်နှင့်လျော်ညီစွာ
အစိုးရမှစေလွှတ်သည့် ဌာနဆိုင်ရာ (၁၈) ခုရောက်ရှိနေခဲ့ပြီဖြစ်သည်။သို့သော်လူမျိုး
စု အကြီးအကဲကိုသာ အရှင်သခင် အဖြစ်မှတ်ယူထားကြဆဲဖြစ်သည့်
ဒေသခံတို့ကြားမှာ အစိုးရအုပ်ချုပ်ရေး
ယန္တရားလည်ပတ် မှုက
သုညအဆင့်မှာပဲရှိနေပါသေးသည်။ဌာနဆိုင်ရာများဆီမှမည်သည့်အခွန်အခမှ
ရရှိမ
လာသည့်အတွက် ပြည်နယ်အစိုးရဆီမှလည်း မည်သည့်ဘတ်ဂျက်မှ
ကျလာခြင်းမရှိသေးပေ။
“၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ဒီဒေသအတွက် ဘာဘတ်ဂျက်မှမကျခဲ့ဘူး။ ဌာနဆိုင်ရာအဆောက်အအုံရ
“၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ဒီဒေသအတွက် ဘာဘတ်ဂျက်မှမကျခဲ့ဘူး။ ဌာနဆိုင်ရာအဆောက်အအုံရ
တာလည်း ထွေအုပ်နဲ့
ရဲစခန်းပဲရှိသေးတယ်။အခုကအထူးဒေသ(၁)က ပေးထားတဲ့ စုပေါင်းရုံးမှာပဲ
ဌာနတွေ
စုနေကြရတယ်” ဟု လက်ရှိ ပန်ဝါမြို့နယ်ခွဲ၏ အထွေထွေအုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်ဦးက ပြောပြသည်။
ထို့နောက်ဦးသိန်းဇော်ဦးကပန်ဝါမြို့ရှိ အစိုးရဌာနများ ယောင်လည်လည်ဖြစ်နေရသည့်အခြေအနေကို
ထို့နောက်ဦးသိန်းဇော်ဦးကပန်ဝါမြို့ရှိ အစိုးရဌာနများ ယောင်လည်လည်ဖြစ်နေရသည့်အခြေအနေကို
အောက်ပါအတိုင်း ပြောပါသည်။
“အုပ်ချုပ်ရေးကတည်တည်ငြိမ်ငြိမ်မဖြစ်သေးဘူး။ယစ်မျိုးခွန် ကောက်လို့မရဘူး။ စည်ပင်က ဈေးခွန်ကောက်
“အုပ်ချုပ်ရေးကတည်တည်ငြိမ်ငြိမ်မဖြစ်သေးဘူး။ယစ်မျိုးခွန် ကောက်လို့မရဘူး။ စည်ပင်က ဈေးခွန်ကောက်
လို့မရသေးဘူး။ အထူးဒေသ(၁)ကပဲ
စီမံဆောင်ရွက်နေသေးတယ်။ ကျွန်တော်တို့လည်း ထွင်ပြီးမလုပ်ရဲဘူး။
ပထမဆုံးငြိမ်းချမ်းရေးယူထားတဲ့အ ဖွဲ့လည်းဖြစ်နေတယ်။ ကျွန်တော်တို့ဌာနအကြီးအကဲတွေ ကိုယ်တိုင်က
လည်း စည်းရုံးရေးနည်းလမ်းနဲ့ပဲသွားပါ လို့ မှာလိုက်တယ်။ အစိုးရအုပ်ချုပ်ရေးကို မရောက်သေးဘူး။ ဒေသခံ
တွေက လိုလိုလား လားပေးမှရမှာ”
ကချင်အထူးဒေသ(၁)ဟူသည့် ဂုဏ်အရှိန်အ၀ါက အစိုးရက စေလွှတ်လိုက်သည့် ဌာနဆိုင်ရာ ၀န်ထမ်းများ
ကချင်အထူးဒေသ(၁)ဟူသည့် ဂုဏ်အရှိန်အ၀ါက အစိုးရက စေလွှတ်လိုက်သည့် ဌာနဆိုင်ရာ ၀န်ထမ်းများ
အတွက် မ၀ံ့မရဲ ဖြစ်နေသေးသည်ဟုလည်း ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ပန်ဝါမြို့အတွင်းရှိ ယခင် ကချင်အထူးဒေသ(၁)၏
မြို့အုပ်ချုပ်ရေး အဖွဲ့ရုံးကလည်း ဒေသအပေါ်စိုးမိုးနိုင်စွမ်းရှိနေ ဆဲဖြစ်သည်။
အထူးဒေသ(၁)အုပ်ချုပ်ရေးအဖွဲ့ကို ဒေသတည်ငြိမ်၊ ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီဟု အမည်ပြောင်းလဲထား
အထူးဒေသ(၁)အုပ်ချုပ်ရေးအဖွဲ့ကို
ကာပန်ဝါဒေသတည်ငြိမ်ဖွံ့ရေးအတွက် အစိုးရအုပ်ချုပ်ရေးမှူးရုံးနှင့်  လက်တွဲဆောင်ရွက်နေကြပြီဟုအုပ်ချုပ်
ရေးနှစ်ဖွဲလုံးကတော့ ပြောကြသည်။မည်သို့ပင်ဆိုစေမငြိမ်သက်သေးသည့်အခြေအနေများကြောင့် ပန်ဝါမြို့
အစိုးရအုပ်ချုပ်ရေးယန္တရားက အခြေမခိုင်သေးဘဲ မြို့ခံအုပ်ချုပ်ရေးကော်မတီနှင့် အတူ စစ်ဘေးရှောင်ဒုက္ခ
သည်များကိုသာ ပူးတွဲကူညီနေကြရသည်။
ပန်ဝါမြို့သို့ ၂၀၁၂ မေလမှ စတင်ကာ ခိုလှုံလာကြသည့် စစ်ဘေးဒုက္ခသည်များမှာ ပန်ဝါဒေသတွင်း ရွာကိုး
ပန်ဝါမြို့သို့ ၂၀၁၂ မေလမှ စတင်ကာ ခိုလှုံလာကြသည့် စစ်ဘေးဒုက္ခသည်များမှာ ပန်ဝါဒေသတွင်း ရွာကိုး
ရွာမှ တိုင်းရင်းသားများဖြစ်ကြပြီး လူဦးရေ ၃၈၉
ဦးရှိ သည်။ ထိုဒုက္ခသည်တို့အတွက် လိုအပ်သည့်အစားအ
သောက်ကိုပန်ဝါမြို့အကြီးအကဲများနှင့်အုပ်ချုပ်ရေးအဖွဲ့များကပင်တာဝန်ယူထားကြသည်။သို့သော်လည်း
ချမ်းအေးသည့် ဒေသဖြစ်သည်မို့ အ၀တ်အစားနှင့်
စောင်လိုအပ်ချက်များရှိနေကြသည်ကို တွေ့ရသည်။ ၂၅ ခုတင်ဆံ့ ဆေးရုံလေးတစ်ရုံရှိသော်လည်း ဆေးဝါးလိုအပ်ချက်ကလည်း ရှိနေသည်သာ။
“မျှော်လင့်ချက်ထားစရာတော့ဘာမှမရှိပေမယ့် ..သူများဒေသ ဒုက္ခသည်စခန်းတွေကိုအကူအညီရောက်တာ
“မျှော်လင့်ချက်ထားစရာတော့ဘာမှမရှိပေမယ့် ..သူများဒေသ ဒုက္ခသည်စခန်းတွေကိုအကူအညီရောက်တာ
တွေကြားတော့လည်း နိုင်ငံသားအချင်းချင်းကိုယ့်ဒေသကို ရောက်များရောက်လာမလားလို့ မျှော်တလင့်လင့်
တော့ ဖြစ်နေတာပေါ့”ဟုပန်ဝါဒေသတည်ငြိမ်၊ ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဦးဝမ်ထယ်ပရန်
အောင်က မြို့မိ မြို့ဖတစ်ဦး၏ ခံစားချက်ကို ရင်ဖွင့်သည်။
ယခုနှစ်ဇွန်လနောက်ဆုံးပတ်က မြန်မာပြည်အရှေ့မြောက်ဖျား၊တရုတ်ပြည်နယ်စပ်ရှိ ပေပေါင်း၈၀၀၀ခန့်မြင့်
ယခုနှစ်ဇွန်လနောက်ဆုံးပတ်က မြန်မာပြည်အရှေ့မြောက်ဖျား၊တရုတ်ပြည်နယ်စပ်ရှိ ပေပေါင်း၈၀၀၀ခန့်မြင့်
မားသည့်
ထင်းရှူးတောင်တန်းကြီးများပေါ်မှာ မြူခိုးတွေမှိုင်းညို့လျက်ရှိသည် ။ တောင်ကုန်း၊ ချိုင့်ဝှမ်းများဖြင့်
မြေပြင်မညီမညာတည်ဆောက်ထားသော အညိုရောင်နယ်မြေ ပန်ဝါမြို့နယ်ခွဲလေးပေါ်သို့ မိုးရေစက်များက ခပ်ဖွဲဖွဲကျဆင်းနေသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ လှိုက်လှဲစွာကြိုဆိုပါ၏ဟူသော နှစ်နိုင်ငံနယ်နိမိတ် မုခ်ဦးပေါက်ဝ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ လှိုက်လှဲစွာကြိုဆိုပါ၏ဟူသော နှစ်နိုင်ငံနယ်နိမိတ် မုခ်ဦးပေါက်ဝ
ဆီမှ အနွေးထည်ထူထူထဲထဲဝတ်ဆင်ထားသည့်အိမ်နီးချင်းဆွေမျိုးပေါက်ဖော်များခပ်ကျဲကျဲဝင်ရောက်လာ
ကြသည်။ ထိုမြင်ကွင်းများမှာ ယခင် NDA-K အဖွဲ့အစည်းအုပ်ချုပ်ခဲ့သောကာလ၊ ဒီမိုကရေစီအစိုးရသစ်မ
တိုင်မီကာလ တို့နှင့် နှိုင်းစာလျှင်ပုံမှန်အခြေအနေ ပြန်မရောက်လာသေးသည့်ပန်ဝါမြို့၏ အသွင်ကို ဖော်ပြ
နေသည်။
“ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ချမှတ်ထားတဲ့လမ်းကြောင်းထဲမှာကျွန်တော်တို့အားလုံးလိုက်လာခဲ့တယ်
“ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ချမှတ်ထားတဲ့လမ်းကြောင်းထဲမှာကျွန်တော်တို့အားလုံးလိုက်လာခဲ့တယ်
။ ဒါပေမဲ့ ကျွန်တော်တို့ဒေသ
ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရဲ့ စီမံကိန်းရေးဆွဲထားမှုရှိ၊ မရှိကိုတော့
မသိသေး
ဘူး။ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့
လုပ်နေရတုန်းပဲ” ဟု ကချင်အထူးဒေသ(၁) ၏ လူ
မျိုးစုခေါင်းဆောင်
ဒူဝါတစ်ဦးဖြစ်သည့်အပြင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်
သော ဦးဇခုန်ယိမ်းဆောင်က ၎င်းတို့ဒေသ၏ လက်ရှိအခြေအနေကို ပြည်သူများကိုယ်စား ပြောသည်။
ကချင်အထူးဒေသ(၁)သည် နိုင်ငံတော်အစိုးရနှင့်ပထမဆုံးငြိမ်းချမ်းရေးရယူခဲ့သည့် အပြင် အစိုးရ၏ နယ်ခြား
ကချင်အထူးဒေသ(၁)သည် နိုင်ငံတော်အစိုးရနှင့်ပထမဆုံးငြိမ်းချမ်းရေးရယူခဲ့သည်
စောင့်တပ်ဖွဲ့စည်းရေးကို
ပထမဆုံးလက်ခံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတစ်ခုဖြစ်သည့်
အတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားသော
တိုင်းရင်းသားလက်နက်ကိုင်အဖွဲအ စည်းများကအစိုးရအပေါ် ယုံ
ကြည်မှုတစ်ရပ် ဖြစ်တည်လာစေရန်မှာ ထိုဒေသ၏ ဖွံ့ဖြိုးမှုစံနှုန်းအပေါ်လည်း များစွာမူတည်နေပါသည်။
နောင်တစ်ချိန်တွင်အတိတ်ကထက် ပိုမိုသာလွန်စွာစည်ကားသိုက်မြိုက်လာနိုင်မည့် မြန်မာနိုင်ငံ၏ကုန်သွယ်
နောင်တစ်ချိန်တွင်အတိတ်ကထက် ပိုမိုသာလွန်စွာစည်ကားသိုက်မြိုက်လာနိုင်မည့် မြန်မာနိုင်ငံ၏ကုန်သွယ်
ရေးအခန်းကဏ္ဍအတွက်
အရေးပါသည့်နယ်စပ်မြို့ကြီးတစ်မြို့
ဖြစ်လာဖွယ်ရှိသောပန်ဝါဒေသကို နိုင်ငံတော်
အစိုးရကတာဝန်ယူကာဖွံ့ဖြိုးတိုးတက်လာ စေမည်လား။သို့တည်းမဟုတ်ကချင်အထူးဒေသ(၁)၏မူလဒေသ
အကြီးအကဲများကပင် ကိုယ့်ဒေသအတွက် တာဝန်ယူလုပ်ဆောင်သွားဦးမည်လားဆိုသည်ကိုမူ စောင့်ကြည့်
ကြရမည်သာဖြစ်သည်။Credit by: ဥက္ကာကိုကို
ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၅.၇.၂၀၁၃
0 comments:
Post a Comment