ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာအလူမီနီယမ်ဆာလဖိတ်နဲ့ပိုတက်ဆီ
ယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်းတင်စားလေ့ရှိ
ပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့
တစ်ပြိုင်နက်အဆိပ်ပြေ
သွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်းအဆိပ်ပြေ စေတဲ့သတ္တိရှိတဲ့အတွက်သီဝနတ်ဘုရားနဲ့ခိုင်းနှိုင်းတာ
ဖြစ်ပါတယ်။
ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီး သက္ကတဘာသာ အနေနဲ့ ဖစ်ကာရီိလို့ ခေါ်ပါတယ်။ ကျောက်
ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။
မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ ကျောက်ချဉ်သည် ဖန်သည်၊ချိုသည်၊ချဉ်သည်။ ဒေါသ၊ ဓာတ်၊ မလတို့ကို
ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ် ရှိသည်။
အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။အစာကိုကြေ စေ
ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီး သက္ကတဘာသာ အနေနဲ့ ဖစ်ကာရီိလို့ ခေါ်ပါတယ်။ ကျောက်
ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။
မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှ
ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ် ရှိသည်။
အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။အစာကိုကြေ စေ
သည်။ သည်းခြေအားနည်းသည်ကိုလည်း ပြုတတ်သည်။
များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။ သွေး၊ သည်းခြေ၊ လေ၊သလိပ်တို့ အပူလွန်ခြင်း၊ အူသိမ်
,အူမ တွင် ပြည်နာဖြစ်ခြင်း ၊ သလိပ်ခြောက်ခြင်း၊
အစားမကြေခြင်း၊ လေ, သည်းခြေ,သလိပ်ဟူသော ဒေါသ
သုံးပါကြောင့်ဖြစ်သောအပုပ်နာ၊ကုတ်ဟီးချောင်းဆိုးနာ၊ကိုယ်လက်ကိုက်ခဲသောအနာ၊ သွေး၊ အသားခြောက်
ကပ်သောအနာ ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊မျက်စီနာ, ဆီးအောင့်သောအနာ,သူငယ်နာ
, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို နိုင်၏ လို့ ဆိုထားပါတယ်။
ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့ တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေတဲ့
ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့ တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေတဲ့
တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည်
အေး၊ချဉ်၊ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း
၊ လေချုပ်စေချင်း၊
သွေးချုပ်စေခြင်း၊ မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း ၊ အနာများကိုအသားနုတက်စေခြင်း
၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ် ) (ကျင်ကြီိးပေါက်၊ဆီးပေါက်)ကို ကျုံ့စေ၊ကျဉ်းစေခြင်းစတဲ့ အ
ကျိုးသွားရှိကြောင်း ဖော်ပြထားပါတယ်။
ထိမိခိုက်မိလို့ ဒဏ်ရာအနာတရဖြစ်ရင်၊အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့သွေး`လို့
ထိမိခိုက်မိလို့ ဒဏ်ရာအနာတရဖြစ်ရင်၊အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့သွေး`လို့
လိမ်းပေးနိုင်ပါတယ်။ အနာ အမြန်ဆုံးကျက်ပါလိမ့်မယ်။
ဆံပင်၊မုတ်ဆိတ်ရိတ်လို့ ဓားရှမိတဲ့ အခါမှာလည်း
ကျောက်ချဉ် လိမ်းပေးရပါတယ်။
ရှေးက ဆတ္တာသည်တွေ ဟာ ကျောက်ချဉ်ကို အမြဲတမ်း ဆောင်ထားလေ့
ရှိပြီး ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေးကြ ပါတယ်။
ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
Burmese Treasure
ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
Burmese Treasure
RangonNewsDaily
kolatt(PBDN): 5.7.2013
kolatt(PBDN): 5.7.2013
0 comments:
Post a Comment