Pages

Tuesday, July 16, 2013

မြန်မာဖက်သို့ ပို့ဆောင်နေသော လက်နက်မှောင်ခိုအဖွဲ့ ထိုင်းဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဟောင်ဆောင်မြို့နယ်၌ လက်နက်မှောင်ခိုမှု တစ်ခုကို ယနေ့ မနက်ပိုင်းမှာ ဖမ်းဆည်း ရမိသည်ဟု ခရိုင် အုပ်ချုပ်ရေးမှူးများက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး ထုတ်ဖေါ်ပြသခဲ့ပါသည်။
ဤလက်နက် မှောင်ခိုမှုကိုယနေ့ နံက်ပိုင်း (၂) နာရီတွင် ထိုင်းအမှတ်၃၃၆ နယ်ခြား စောင့်တပ်မှမယ်ဟောင်
ဆောင်မြို့ဗါန်မူတိုက်နယ်ဗါန်းကုမ်မိုင်းဇာဒ်ကျေးရွာရှိအိမ်အမှတ်၈၈/၅ အားဝင်ရောက်စီးနင်းရာမှဖမ်းဆည်း
ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းအမှုတွင် လက်သည်အဖြစ် လက်နက်ခဲယမ်းမီး ကျောက်များ သယ်ဆောင်လာသ
ည့် ထိုင်းရဲဝန်ထမ်းဟောင်း တစ်ဦးနှင့် အဖော်တစ်ဦးကို ဖမ်းဆီးထားသည်ဟု ခရိုင်အမှတ် (၃) ရဲစခန်းမှ ထုတ်ပြန် ကြေငြာခဲ့ပါသည်။

ဖမ်းဆီး ရမိထားသည့် စစ်ပစ္စည်းများမှာ မြေပြင်မှ ဝေဟင်သုံး တစ်ခါပစ် SAM အမြောက်နှင့် (၄) လက်၊AK 47 ကျည်ဆံ ၃၆,၀၀၀ တောင့်၊ M16 ကျည်ဆံ ၃၁,၆၀၀ တောင့်၊ ၇.၂ ကာဗိုင်ကျည်ဆံ ၂၇,၀၀၀ တောင့်ဖြစ်

ကြောင်း National News Bureau of Thailand (NTT) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထိုဖမ်းဆီးရမှုနှင့် ပတ်သက်၍ မယ်ဟောင်ဆောင် ခရိုင်ဝန်မှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ယခု

ဖမ်းမိသည့် လက်နက်မှောင်ခိုမှု၌ အုပ်စုဖွဲ့ပြီး ရောင်းဝယ်နေကြမည်ဟု ယုံကြည်ကြောင်း ဆိုသော်လည်း အသေးစိတ် ထုတ်ဖေါ်ပြော ဆိုခြင်း မရှိသေးပေ။

မယ်ဟောင်ဆောင် ဒေသသည် တရားမဝင် လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လူကုန်

ကူးမှုများဖြစ်ပွားမှု အများဆုံး ဒေသဟု ဆိုနိုင်ပါသည်။ မကြာခဏ ဖမ်းဆီးရမိပြီး အထူးသဖြင့် ထိုင်းနိုင်ငံ
သားထက် မြန်မာနိုင်ငံသား များက ပိုပြီး အဖမ်းခံရခဲ့ပါသည်။

ဖမ်းဆီးရရှိထားသောလက်နက်များသည် မြန်မာနိုင်ငံဖက်ခြမ်းရှိ မိုင်းမောမြို့နယ်ရှိလက်နက်ကိုင်သော မြန်

မာ အတိုက်အခံများအား ပေးပို့ရန် ဖြစ်ဖွယ်ရှိသည်ဟု ထိုင်းထောက်လှမ်းရေးများက ဆိုပါသည်။

ရွှေဟင်္သာသတင်းဌာန , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၅.၇.၂၀၁၃

0 comments:

Post a Comment

 
world time