ပဲခူးမြို့
တောင်ငူလမ်း အလယ်တန်းကျောင်းရှေ့မှာရှိတဲ့ မြို့နယ် တရားရုံးဝန်းအတွင်းမှာ
လက်ပစ်ဗုံးတစ်လုံးကို ဇူလိုင် ၁၆ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့
ပဲခူးမြို့ အမှတ်(၁)ရဲစခန်း တာဝန်ရှိသူတစ်ဦးကDVB ကိုပြောပါတယ်။ "တရားရုံးထဲမှာရှိတဲ့ရဲကင်းက ရဲဝန်ထမ်းတစ်ဦးက စနက်တံလေးကို တွေ့လို့လိုက်ရှာကြည့်တဲ့အခါ မပေါက်သေးတဲ့ဗုံးကိုတွေ့ရတာပါ။စနက်တံလေးဖြုတ်ပြီး ပစ်ထားပေမယ့် ဗုံးကမိုးစိုလို့လား မသိဘူး မကွဲဘူးဖြစ်နေတယ်။ ဗုံး ချွတ်ယွင်းချက်ကြောင့် မကွဲတာပါ။ အဲ့ဒီဗုံးကို
တော့ သက်ဆိုင်ရာဘီအီးတပ်ကိုလွဲပေးလိုက်ပါပြီ။"လို့ သူကဆိုပါတယ်။
မပေါက်သေးတဲ့ ဗုံးတစ်လုံးတွေ့ရှိခဲ့ပေမယ့် ပဲခူးမြို့မှာ လုံခြုံရေးအရ
တင်းကြပ်မှုတွေမရှိဘဲ ပုံမှန်အတိုင်း သွားလာနေထိုင်လျက်
ရှိတယ်လို့ပဲခူးဒေသခံတစ်ဦးကဆိုပါတယ်။
DVB TV News , RangonNewsDaily
kolatt (Pabedan): 16.7.2013
တော့ သက်ဆိုင်ရာဘီအီးတပ်ကိုလွဲပေးလို
မပေါက်သေးတဲ့ ဗုံးတစ်လုံးတွေ့ရှိခဲ့ပေမယ့် ပဲခူးမြို့မှာ လုံခြုံရေးအရ တင်းကြပ်မှုတွေမရှိဘဲ ပုံမှန်အတိုင်း သွားလာနေထိုင်လျက် ရှိတယ်လို့ပဲခူးဒေသခံတစ်ဦးကဆိုပ
DVB TV News , RangonNewsDaily
kolatt (Pabedan): 16.7.2013
0 comments:
Post a Comment