Friday, July 26, 2013
မိုးတွင်းကာလဖြစ်သောကြောင့် ယာဉ်ကြောကျပ်သည့်အခါ ထိခိုက်မိသည့် အသေးစားများအတွက် မီးခွက်များလဲလှယ်မှုအများဆုံးပြုလုပ်ကြကြောင်း ကားပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးမှပြောပြသည်။
ဂျပန်ပစ္စည်းနှင့် တရုတ်ပစ္စည်း ကွာလတီ ကွာခြားမှုရှိပြီး ဂျပန်ပစ္စည်း
တွင်လည်း အသစ်နှင့် တစ်ပတ်ရစ် ပစ္စည်း (၂) မျိုးတွင် တစ်ပတ်ရစ် ပစ္စည်းမှာ
ပိုမိုအရောင်းအ၀ယ်ဖြစ် ကြောင်းသိရသည်။ ကားပစ္စည်းတင် သွင်းသူများမှ
ဂျပန်ပစ္စည်းနှင့် တရုတ်ပစ္စည်းကို ခွဲခြားသိသော်လည်း ၀ယ်ယူသူဘက်မှ
ကွဲပြားစွာမသိနိုင် သဖြင့် တရုတ်ပစ္စည်းများအား ဂျပန်
ဈေးဖြင့်ဝယ်ယူမိခြင်းများလည်းရှိနိုင် ကြောင်းအဆိုပါပုဂ္ဂိုလ်မှပြောပြသည်။
“အခု မိုးတွင်းဆိုတော့ ယာဉ် ကြောကျပ်တဲ့အခါ၊ ထိမိခိုက်မိတဲ့ အခါ
မီးခွက်တွေကွဲတာများတယ်။ မီးခွက်က နည်းနည်းအက်ကြောင်း ထင်တာနဲ့
လဲရတာများတယ်။ Original မီးခွက်လဲတဲ့အခါ ဘယ်ဖြစ် ရင်ဘယ်၊
ညာဖြစ်ရင်ညာလဲရတယ်။Modify လိုမီးခွက်က လဲရင်တစ်စုံ လုံးလဲရတာ။
ရောင်းရင်လဲတစ်ခြမ်းထဲ မရောင်းကြဘူး။ မီးခွက်မှာ (၂) မျိုး လာတယ်။
ဥပမာ - Probox လို မီး ခွက်က Original မီးခွက်ဆိုရင် ဂျပန် ကလာတာရှိသလို
တရုတ်ကလာတာ လဲရှိတယ်။ ဂျပန် Original မီးခွက်က တစ်ဘက်ကို (၁၂၀၀၀၀) လောက်ကျ
တယ်။ တရုတ်ဆိုရင် အရှေ့တစ်စုံလုံး မှ တစ်သိန်းလောက်ပဲကျတယ်။ ကား
ပစ္စည်းသွင်းတဲ့လူကတော့ ဂျပန်လား၊ တရုတ်လားဆိုတာခွဲခြား သိပေမယ့် Customer
တွေထဲမှာ မသိတဲ့ လူတွေရှိတယ်။
“အခု မိုးတွင်းဆိုတော့ ယာဉ် ကြောကျပ်တဲ့အခါ၊ ထိမိခိုက်မိတဲ့ အခါ မီးခွက်တွေကွဲတာများတယ်။ မီးခွက်က နည်းနည်းအက်ကြောင်း ထင်တာနဲ့ လဲရတာများတယ်။ Original မီးခွက်လဲတဲ့အခါ ဘယ်ဖြစ် ရင်ဘယ်၊ ညာဖြစ်ရင်ညာလဲရတယ်။Modify လိုမီးခွက်က လဲရင်တစ်စုံ လုံးလဲရတာ။ ရောင်းရင်လဲတစ်ခြမ်းထဲ မရောင်းကြဘူး။ မီးခွက်မှာ (၂) မျိုး လာတယ်။
ဥပမာ - Probox လို မီး ခွက်က Original မီးခွက်ဆိုရင် ဂျပန် ကလာတာရှိသလို တရုတ်ကလာတာ လဲရှိတယ်။ ဂျပန် Original မီးခွက်က တစ်ဘက်ကို (၁၂၀၀၀၀) လောက်ကျ တယ်။ တရုတ်ဆိုရင် အရှေ့တစ်စုံလုံး မှ တစ်သိန်းလောက်ပဲကျတယ်။ ကား ပစ္စည်းသွင်းတဲ့လူကတော့ ဂျပန်လား၊ တရုတ်လားဆိုတာခွဲခြား သိပေမယ့် Customer တွေထဲမှာ မသိတဲ့ လူတွေရှိတယ်။
0 comments:
Post a Comment