Pages

Friday, June 7, 2013

EFE သတင်းအေဂျင်စီမှ ချီးမြှင့်သည့်ဆုကို ပထမဆုံး ပေါ်တူဂီကစားသမားအဖြစ် ရော်နယ်ဒိုဆွတ်ခူး

Thursday, June 7, 2013

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ မက်ဆီ၊ဖယ်လ်ကာအိုတို့ကို ကျော်ဖြတ်ကာ ယခုနှစ် ရာသီအတွက် EFEဆု ရရှိသွားခဲ့သည်။ EFE ဆုမှာလာလီဂါတွင် ကစားသည့် စပိန်၊ ပေါ်တူဂီနှင့် အမေရိကကစားသမားများကို EFE သတင်းအေဂျင်စီမှ ချီးမြှင့်သည့်ဆု ဖြစ်သည်။
၁၉၉၁ခုနှစ်မှ စတင်ချီးမြှင့်ခဲ့သော EFEဆုကို လက်တင်အမေရိက ကစားသမားများသာ ဆွတ်ခူးခဲ့ပြီး ရော်
နယ်ဒိုမှာ အဆိုပါဆု ရရှိသည့် ပထမဆုံး ပေါ်တူဂီ ကစားသမားဖြစ်လာခဲ့သည်။

မက်ဆီသည် EFE ဆုကို နောက်ဆုံးလေးကြိမ်ဆက် ရရှိခဲ့သည့်အပြင် ဆုငါးကြိမ်ရ ပထမဆုံး ကစားသမား

အဖြစ် မှတ်တမ်းတင်ထားနိုင်သည်။ သို့သော် EFE ဆုအတွက် အယ်ဒီတာများကရွေးချယ်ရာတွင် ရော်နယ်
ဒိုမှာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက်တစ်ရာသီအတွင်းဂိုးအများဆုံးသွင်းသူအဖြစ် ၁၂ဂိုးသွင်းယူနိုင်ခဲ့ကာ
လာလီဂါတွင် ၃၄ဂိုး၊စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ၇ဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ဆုရရှိခဲ့ခြင်းဖြစ်
သည်။

ရိုးရာလေး

RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၇.၆.၂၀၁၃

0 comments:

Post a Comment