အမေရိကန် ပြည်ထောင်စု ကာလီဖိုး နီးယား ပြည်နယ် ကမ်းလွန် ပင်လယ်ပြင်တွင်ဖမ်းဆီးရမိခဲ့သောငါးမန်း
ကြီး တစ်ကောင်သည် ကမ္ဘာပေါ်ရှိ ဖမ်းဆီးရ မိသမျှ ငါးမန်းများအနက် အကြီးဆုံး ဖြစ်နိုင် ဖွယ်ရှိ သည်ဟု ယူ
ဆ ရကြောင်းသိရသည်။
အဆိုပါ ငါးမန်းကြီးသည်၁၃၂၃ ပေါင်အလေးချိန်ရှိပြီး၎င်းငါးမန်းကြီးကို ဂျက်ဆန် ဂျွန်စတွန်ဆိုသူ အမျိုးသား
အဆိုပါ ငါးမန်းကြီးသည်၁၃၂၃ ပေါင်အလေးချိန်ရှိပြီး၎င်းငါးမန်းကြီးကို ဂျက်ဆန် ဂျွန်စတွန်ဆိုသူ အမျိုးသား
တစ်ဦးကယခုသီတင်းပတ်အစောပိုင်းတွင်
နှစ်နာရီခွဲကြာ အချိန်ယူ၍ ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးမန်းကြီးအားဖမ်းဆီးရ မိမှုနှင့်ပတ်သက်၍အတည်ပြုချက်များ
ရရှိခဲ့မည်ဆိုပါက မက်ဆာချူးဆက်
ပြည်နယ် ကမ်းလွန်တွင် ၂ဝဝ၁ ခုနှစ်က
ဖမ်းဆီးရမိခဲ့သော ငါးမန်းကြီး၏ စံချိန်ကို ကျော် လွန် သွားမည်ဖြစ်
ကြောင်း၊ကမ္ဘာတစ်ဝန်းဖမ်းဆီးရမိခဲ့သောငါးမန်းများ၏အလေးချိန်ကို International
Game Fish အဖွဲ့အစည်း
က မှတ်တမ်းတင် ထားခဲ့ပြီး ၎င်းမှတ်တမ်းများ အရ အလေး
ချိန်ပေါင် ၁၃ဝဝရှိသည့် ငါးမန်းများကို ဖမ်းဆီးရ
မိ ခဲ့သည်ကို တွေ့ရကြောင်း
၎င်းအဖွဲ့မှ စံချိန် စံညွှန်းတိုင်းတာသူ ဂျက်ခ်ဗီ တက်ခ်က ပြောကြားခဲ့သည်။
ယခုအခါတွင် ၎င်းငါးမန်းကြီးကို ရေခဲကန်ထဲတွင်ဆက်လက်ထားရှိလျက်ရှိပြီး
သုတေသန ပြုလုပ်ရန်အတွက်
National Oceanic and Atmospheric Associationသို့
လှူဒါန်းမည် ဖြစ်သည်ဟု သိရသည်။
မြ၀တီ ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၇.၆.၂၀၁၃
0 comments:
Post a Comment