Pages

Sunday, June 30, 2013

ဖောက်ခွဲမှုကြောင့် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည် မဟုတ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား

30-6-2013

လူသေမှု ဖြစ်ပွားခဲ့သည့် ဖောက်ခွဲမှုကြောင့် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည် မဟုတ်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာနရုံး၌ ဇွန် ၂၉ ရက်က ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား ဆိုသူများ၏ စာရင်းအား ရရှိပါက စိစစ်ကြောင်း၊ စိစစ်ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ဗုံးဖောက်ခွဲမှုကြောင့် လူသေဆုံးခဲ့မှုများ ရှိပါက ထိုသူကို ခဏထားထားကြောင်း၊ အခြားသူကို ထိခိုက်နစ်နာအောင် လုပ်ထားသဖြင့် အတင်းလွှတ်၍ မရဘဲ ဖယ်ထုတ်ရကြောင်း၊ စိစစ်ရာတွင်လည်း အဖွဲ့နှင့် စိစစ်ခြင်းဖြစ်ပြီး လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပေးကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

"ဗုံးခွဲလို့ လူမသေဘူး ဆိုရင်တော့ ကျွန်တော်တို့ စဉ်းစားပေးတယ်။ လူမသေရင် တော်သေးတာပေါ့။ လူသေရင်တော့ မရဘူး။ လုံးဝမရဘူး" ဟု ဦးစိုးသိန်းက ဆိုသည်။

ထို့အပြင် မိမိအနေဖြင့် စိစစ်သည့် အဖွဲ့သာဖြစ်ပြီး လွှတ်နိုင်သည့်အာဏာ မရှိကြောင်း၊ သို့ရာတွင် ယခုကဲ့
သို့ စိစစ်ထားသည့်အတွက် နိုင်ငံတော် သမ္မတက လွှတ်ပေးမည်ဆိုပါက အသင့်ဖြစ်နေရန် ဖြစ်ကြောင်း၊ အရေအတွက် မည်မျှကျန်နေသည်ကိုမူ စိစစ်ပြီးမှ သိရှိနိုင်မည် ဖြစ်ကြောင်း၊ ထပ်မံစာရင်း ပေးပါကလည်း စိစစ်ပေးမည်ဖြစ်ကြောင်း ၀န်ကြီးဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။

Eleven Media, RangonNewsDaily
kolatt(PBDN): 30.6.2013

0 comments:

Post a Comment

 
world time