Sunday, June 30, 2013
ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင် ပြည်တွင်း ရေဒီယိုအသံ
ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင် ပြည်တွင်း ရေဒီယိုအသံ
လွှင့်ဌာနတွေကနေ နိုင်ငံခြားမီဒီယာတွေရဲ့အသံလွှင့်ချက်တွေကိုတဆင့်ပြန်လွှင့်ပေးမှုကိုအစိုးရကတားမြစ်
လိုက်တဲ့ အပေါ် အမေရိကန်အစိုးရက ဝေဖန်လိုက်ပါတယ်။ ဇူလိုင်လ၂၈ ရက်နေ့မတိုင်ခင် ၃၁ ရက်အတွင်း နိုင်ငံခြားမီဒီယာတွေရဲ့
အသံလွှင့်အစီအစဉ်တွေကို တဆင့်
ပြန် ထုတ်လွှင့်မှုတွေ တားမြစ်တယ်လို့
ကမ္ဘောဒီးယား ပြန်ကြားရေး ဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ် ပိတ်
ပင်ထားပါတယ်။
ညွှန်ကြားချက်ထဲမှာ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ နိုင်ငံခြားသားတွေ ဘယ်လိုအခန်းကဏ္ဍကမဆို ပါဝင်
ညွှန်ကြားချက်ထဲမှာ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ နိုင်ငံခြားသားတွေ ဘယ်လိုအခန်းကဏ္ဍကမဆို ပါဝင်
နေတာနဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း
မထုတ်ပြန်ရဘူးလို့ တားမြစ်ထားပါတယ်။ ဒီလိုညွှန်ကြားချက် ထုတ်ပြန်တားမြစ်တာဟာသတင်းလွတ်လပ်ခွင့်ကိုအကြီးအကျယ် ချိုးဖောက်တာပဲလို့ အမေရိကန်
နိုင်ငံခြား
ရေးဌာန ပြောခွင့်ရသူ Patrick Ventrell ကပြောပြီး ရွေးကောက်ပွဲဟာ
လွတ်လပ်မျှတမှု ရှိပါ့မလားလို့ မေးခွန်း
ထုတ်ခဲ့ ပါတယ်။
ခုလို တားမြစ်လိုက်တဲ့အတွက် ဗွီအိုအေ နဲ့ အာအက်ဖ်အေ အသံလွှင့်ချက်တွေကိုလည်း ကမ္ဘောဒီးယားပြည်
ခုလို တားမြစ်လိုက်တဲ့အတွက် ဗွီအိုအေ နဲ့ အာအက်ဖ်အေ အသံလွှင့်ချက်တွေကိုလည်း ကမ္ဘောဒီးယားပြည်
တွင်းသတင်းဌာနတွေက တဆင့် ပြန်လည်ထုတ်လွှင့်မှု
ပိတ်ပင်ခံရပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ မှန်
ကန်မျှတတဲ့သတင်းနဲ့အချက်အလက်တွေကို လူအများသိရှိနိုင်ဖို့ အရေးကြီးတယ်လို့ ဗွီအိုအေရဲ့
အမှုဆောင်
အယ်ဒီတာချုပ် Steve Raddish က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
မီဒီယာကို နှုတ်ပိတ်ဖို့ ကြိုးစားမှု မှန်သမျှကို ကြေညာချက်ထဲမှာ ဝေဖန်
ပြစ်တင်ထားပါတယ်။
ကမ္ဘောဒီးယား ပြန်ကြားရေးဌာနကတော့ နိုင်ငံခြားအသံလွှင့်ဌာနတွေကိုပိတ်ပင်တာမဟုတ်ဘူးလို့ ငြင်းဆန်
ကမ္ဘောဒီးယား ပြန်ကြားရေးဌာနကတော့ နိုင်ငံခြားအသံလွှင့်ဌာနတွေကိုပိတ်ပင်တာမဟုတ်ဘူးလို့ ငြင်းဆန်
ပါတယ်။
နိုင်ငံတကာ ရေဒီယို အသံလွှင့်မှုတွေဟာ လှိုင်းတို လှိုင်းလတ်တွေကတဆင့်
အသံလွှင့်နေတာဖြစ်
ပြီး အဲဒီအသံလှိုင်းတွေကို ကန့်သတ်ပိတ်ပင်ခြင်း မရှိဘူးလို့
ပြောပါတယ်။
VOA Burmese , RangonNewsDaily
kolatt(PBDN): 30.6.2013
VOA Burmese , RangonNewsDaily
kolatt(PBDN): 30.6.2013
0 comments:
Post a Comment