Friday, June 14 , 2013
မလေးရှားနိုင်ငံမှ ပဋိပက္ခဖြစ်စဉ်များ အပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာလုပ်သားများကို ပြန်

လည်ပို့ဆောင်ရန်အတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း
မလေးရှား ပြည်ထဲရေးဒုဝန်ကြီး ဝမ်ဂျူနိုင်ဒီဂျားဖာ
က ပြောကြားသည်။
“ရွှေ့ပြောင်းလုပ်သားထိန်းသိမ်းရေးစခန်းမှာ မြန်မာ ၄၄၀၀ ထိန်းသိမ်းထားတယ်။
ပြီးတော့ မြန်မာအာဏာ
ပိုင်တွေ အထူးသဖြင့် သံရုံးကို မြန်မာလုပ်သားတွေကို
ပြန်ခေါ်ဖို့ ဖိတ်ခေါ်ထားပါတယ်” ဟု ဝမ်ဂျူနိုင်ဒီက ဆို
သည်။
အသက်သေဆုံးသည် အထိဖြစ်ပွားခဲ့သည့် လွန်ခဲ့သော ရက်သတ္တပတ်အတွင်းပဋိပက္ခကြောင့်လုံခြုံရေးအရ

ရှာဖွေမှုများပြုလုပ်ခဲ့ပြီး လူ ၂၅၀ ခန့်
ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။
မွတ်ဆလင် အများစုနေထိုင်သည့် မလေးရှားတွင် မြန်မာနိုင်ငံသား နှစ်သိန်းခြောက်သောင်းခန့် အလုပ် လာ

ရာက်လုပ်ကိုင်နေကြပြီး ၎င်းတို့အထဲမှ တစ်သိန်းခွဲခန့် သည်
တရားမဝင်လာရောက်လုပ်ကိုင်နေသူများဖြစ်
ကာ သစ်ပင်စိုက်ခြင်း၊
ဆောက်လုပ်ရေးနှင့် ဒေသခံများမလုပ်သည့် အခြားနယ်ပယ်များတွင်
လစာနည်းပါး
စွာဖြင့် လာရောက်လုပ်ကိုင်နေကြကြောင်း မလေးရှား ပြည်ထဲရေး
ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရ
သည်။
ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီကိုလည်း ဒုက္ခသည်များဟု ပြောကြားပြီး မြန်မာသို့ပြန်ရန် လုံခြုံမှုမရှိဟု ထင်သူများကို လျင်မြန်စွာလုပ်ဆောင်ပေးရန် ၎င်းက တောင်းဆိုထားသည်။
ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏ စာရင်းဇယားများအရ မလေးရှားတွင် တရားဝင် စာရွက်စာတမ်းမရှိဘဲ ယာယီ နေခွင့်ပြုထားသည့် မြန်မာ ဒုက္ခသည် တစ်သိန်း ခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးဇင်ယော်က “ဒီမှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာပြည်သားတွေကိုကာကွယ်ဖို့ မလေးရှားအစိုးရဆီကနေ အကူအညီတောင်းခံပါမယ်၊ မြန်မာကိုပြန်ချင်တဲ့တစ်ချို့ကို မြန်မြန်ပြန်နိုင်အောင် ကျွန်တော်တို့တွေစီစဉ်ပေးမှာပါ” ပြောကြားသည်။
မလေးရှားတွင်ဖြစ်ပွားသည့် အမှုများသည့် ဂိုဏ်းများနှင့် ပတ်သက်သည်ဟုထင်မြင်ပြီး ဘာသာရေးကြောင့် မဟုတ်ကြောင်း မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးဇင်ယော်က ပြောကြားသည်။
မြန်မာ့ခေတ် , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၄.၆.၂၀၁၃

0 comments:
Post a Comment