Friday, June 14 , 2013
ရီးယဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမည် ဆိုသော သတင်းများကို ခရစ္စတီယာနို ရော်နယ်လ်ဒို
ရီးယဲလ်မက်ဒရစ် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမည် ဆိုသော သတင်းများကို ခရစ္စတီယာနို ရော်နယ်လ်ဒို
က ငြင်းဆန် သွားခဲ့သည်။ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးကို
အသင်းတွင် ဆက်လက် ထိန်းသိမ်း ထားလိုကြောင်းနှင့် ကမ္ဘာပေါ်တွင် လုပ်ခလစာ
အမြင့်ဆုံး ကစားသမား ဖြစ်လာစေရန် မိမိ ဆန္ဒ ရှိနေကြောင်း ရီးယဲလ် ဥက္ကဋ္ဌ
ဖလော်ရန်တီနို ပီ
ရက်ဇ်က ပြောကြား ခဲ့သေးသော်လည်း ယခုအခါ ရော်နယ်လ်ဒိုက
(၂၀၁၅)ထိသာ သက်တမ်းရှိသောစာချုပ်
ကို ထပ်မံ တိုးမြှင့်မည် မဟုတ်ဟု
ပြောကြားခဲ့သည်။
ပီရက်ဇ်သည် ရော်နယ်လ်ဒို၏ စာချုပ်ကို (၂၀၁၈)ထိ သက်တမ်း
တိုးနိုင်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ရော်
နယ်လ်ဒိုနှင့် ရီးယဲလ်တို့၏
အခြေအနေကို အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နှင့် ပြင်သစ် ချန်ပီယံ
PSGတို့ကလည်း စောင့်ကြည့်နေသည်။
ရော်နယ်လ်ဒိုသည် ယခုရာသီအတွင်းဘာနေဗျူးတွင်ကစားသမားဘဝ ဖြတ်သန်းရမှု၌ စိတ်ပျက်စရာ အခြေ
ရော်နယ်လ်ဒိုသည် ယခုရာသီအတွင်းဘာနေဗျူးတွင်ကစားသမားဘဝ ဖြတ်သန်းရမှု၌ စိတ်ပျက်စရာ အခြေ
အနေများ
ရှိနေကြောင်း ဝန်ခံခဲ့ဖူးသည်။ ၎င်းက "ကျွန်တော် စာချုပ်သက်တမ်း တိုးမယ်ဆိုတဲ့
သတင်းတွေက အားလုံး အမှားတွေချည်းပဲ" ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။
ရီးယဲလ်အနေဖြင့်မူ ပြိုင်ဘက် ဘာစီလိုနာအသင်းတွင် ကြယ်ပွင့်ကစား
သမားကောင်းများ စောလျင်စွာ ဖြည့်
ဆည်းနိုင်ခြင်းကြောင့် မိမိ အသင်း၏ အဓိက
ထောက်တိုင် ကစားသမားတစ်ဦး ထွက်ခွာမသွားရေးမှာ ပိုမို ဖိ
အားများလာသည့်
အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၄.၆.၂၀၁၃
မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၄.၆.၂၀၁၃
0 comments:
Post a Comment