Saturday, June 15, 2013
ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရ
လာတဲ့ ကွင်းဝင်ကြေးအားလုံးကိုပုသိမ်ကမိဘမဲ့ကျောင်း၆ ကျောင်းကိုလှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်း
က ကြေညာထားပေမယ့် ဘောလုံးပွဲပြီးသွားခဲ့ချိန်
ပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။
ဒေသတွင်း မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေရှာတဲ့ ဒီပွဲကို ရုပ်ရှင်သရုပ်ဆောင် ရာဇာနေ၀င်း၊ မိုးယံဇွန်၊
ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဇာနည်၊ မင်းသွေး၊ မင်းခန့်၊ ဇာတ်မင်းသား ဖိုးချစ် အစရှိတဲ့သူတွေ ပါဝင်တဲ့ ဘိုင်စ
ကုပ်မင်းသားများအသင်း
လုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။
“ဘောလုံးပွဲ မစမီကတည်းက ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို မိဘမဲ့ကလေးတွေကို လှူဒါန်းပါ့မယ်
လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက ကတိပေးထားတာ ရှိပါတယ်။တကယ်တမ်းပွဲလည်းပြီးသွားရော မူလပြောထား
သလိုမဟုတ်တော့ဘဲ သူတို့လှူချင်တဲ့ ကျောင်းတကျောင်းကို သူတို့အစီအစဉ်နဲ့ပဲ လှူချင်သလောက် လှူ
သွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ပုသိမ်မြို့ခံတွေ
ပုသိမ်မြို့မှာ အစိုးရအသိအမှတ်ပြု မိဘမဲ့ဂေဟာ ၂ ခုရှိပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖွင့်လှစ်ထားတဲ့ မိဘမဲ့
ဂေဟာ ၄ ခု၊ စုစုပေါင်း ဂေဟာ ၆ ခု ရှိပါတယ်။
ဘာသာအားဖြင့်တော့ ဗုဒ္ဓဘာသာဂေဟာ ၃ ခု၊ ခရစ်ယာန်ဂေဟာ၂ ခုနဲ့အစ္စလာမ်ဂေဟာ ၁ ခု လို့ တွက်နိုင်
ပါတယ်။ ဒီဂေဟာတွေမှာ မိဘမဲ့ ကလေး စုစုပေါင်း၅၀၀ ကျော်ကို ကျွေးမွေး စောင့်ရှောက်ထားတာဖြစ်တယ်
လိ
“ဒီပွဲကျင်းပတာ ကျနော်တို့ ရှုံးပါတယ်။ကုန်ကျတာကခန့်မှန်းခြေ သိန်း ၆၀ လောက်ရှိတယ်။ တကယ်တမ်းကျ
တော့ ငွေက အဲဒီလောက် ပြန်မရဘူး။ လက်မှတ်အတုက အစောင် ၁၀၀ လောက်မိတယ်။ ဘောလုံးအကယ်
ဒမီဘက်ကနေ ကွင်းထဲကိုကျော်ဝင်ကြတာတွေ ရှိတယ်။ ကွင်းပေါက်တယ်ပေါ့။ အဲတော့ ငွေကထင်ထားသ
လို မရတော့ဘူး” လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက ပြောပါတယ်။
“ကန်သုံးဆင့် မိဘမဲ့ကျောင်းကို လှူတယ်ဆိုတာကလည်း အစိုးရ အသိအမှတ်ပြုကျောင်း ဖြစ်တဲ့အတွက်ပါ။ ကျန်တဲ့ကျောင်းတွေက အစိုးရအသိအမှတ်ပြု မဟုတ်တော့ လှူဖို့အဆင်မပြေဘူးလေ” လို့ ကိုရဲမြင့်ထွန်းက ဆက်ပြောပါတယ်။
ဒီပွဲအရှုံးပေါ်တယ်ဆိုတဲ့ ပြောဆိုချက်ကို လက်မခံသူများထဲမှာ ကိုသက်ဆွေ ဆိုတဲ့ ဒေသခံတဦးလည်း ပါဝင်
ပါတယ်။
“ရှုံးတယ်ပြောရအောင် ဒါက ကန်ထရိုက်ယူတဲ့ပွဲမှ မဟုတ်တာ။ နဂိုကတည်းက ဘောလုံးပွဲကို စပွန်ဆာတွေ
နဲ့ကျင်းပမယ်။ ကွင်းဝင်ကြေးကို ကလေးတွေအတွက် အကုန်လှူမယ်လို့ ကတိပြုထားပြီးသားလေ။ ပွဲပြီးကာ
မှ ရှုံးတယ်၊မလှူတော့ဘူးဆိုတာကလက်ခံနိုင်စရာ မရှိပါဘူး”လို့ ပွဲဖြစ်မြောက်ရေးကူညီပေးခဲ့တဲ့ကိုသက်ဆွေ
က ပြောပါတယ်။
“အဲဒီနေ့က ကွင်းထဲမှာ လူ ၃,၅၀၀ လောက်ရှိတယ်။ လက်မှတ်အတုရော လူတိုးတာ မခံနိုင်လို့ ကွင်းဖွင့်ပေး
လိုက်ရတဲ့လူရေ
က လက်မှတ်ဘယ်လောက် ရိုက်နှိပ်တယ်။လက်မှတ်ဘယ်လောက် ရောင်းရတယ်ဆိုတာတောင်ကျနော်တို့
ကို အတိအကျမပြောဘူး။ငွေစာရင်းရှင်းတမ်းလည်း မထုတ်ပေးဘူး။ တကယ်ရှုံးတယ်ဆိုရင် ကျနော်တို့မြို့ခံ
တွေ နားလည်လက်ခံနိုင်အောင် ငွေစာရင်းရှင်းတမ်းထုတ်ပေးရ
တယ်။
ဌာနဆိုင်ရာတွေကလည်း ပွဲဖြစ်မြောက်ရေးအတွက် ကြော်ငြာဘုတ်တွေ အခမဲ့ထောင်ခွင့်၊ ဘောလုံးကွင်း အခမဲ့ငှားရမ်းခွင့်ရအောင် ၀ိုင်းဝန်း ကူညီပေးခဲ့ကြပါတယ် တဲ့။
လက်မှတ် ၁ စောင်ကို ၂,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချတာဖြစ်တဲ့အတွက် စောင်ရေ ၂,၀၀၀ ရောင်းရမယ်ဆိုရင် မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ကျပ်သိန်း ၄၀ လောက် ရရှိမှာပါ။
ဘောလုံးပွဲအတွက် စပွန်ဆာကြေး သိန်း ၃၀ လောက် ရရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။
အသေးစိတ်ပြောရရင် မြန်မာဘီယာက စပွန်ဆာ ကျပ် ၁၀ သိန်းကျော်၊ V စီးကရက်က ၅ သိန်း နဲ့ ပုသိမ်မြို့
က စီးပွားရေးလုပ်ငန်း ၆ ခုက စပွန်ဆာ ကျပ် ၁၅ သိန်း တို့ ဖြစ်ပါတယ်။
အခုက ပွဲအတွက် ကုန်ကျတာက သိန်း ၆၀။ကလေးတွေအတွက် လှူသွားတာက ၆ သိန်း။၁၀ ဆ ၁ ဆ ကွာ
ခြားပါတယ်။ ဆင်ဖိုးထက် ချွန်းဖိုးကြီးဆိုသလိုများ ဖြစ်နေမလားလို့ ဆိုသူက ဆိုပါတယ်။
၉ ရက်နေ့က ကျင်းပတဲ့ မိဘမဲ့ကလေးများ ရန်ပုံငွေဘောလုံးပွဲကို ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် တက်ရောက်အားပေးခဲ့ပြီး တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေလည်း လာရောက်အားပေးခဲ့ကြပါတယ်။
ဘာသာပေါင်းစုံက ကလေးတွေအတွက်လုပ်တဲ့ပွဲဖြစ်
တွေပါ ဘောလုံးပွဲကို လာရောက်အားပေးကြပါတယ်။
ပရိတ်သတ်ဆိုရင်လည်း ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း စတဲ့မြို့တွေကပါ လာ
ရောက်အားပေးခဲ့ကြလို့ ဘောလုံးကွင်းထဲမှာလူတွေ ပြည့်ကြပ်နေပြီး ဘောလုံးပွဲလာကြည့်တဲ့လူပေါင
ဆုံး ၃,၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
“ဘောလုံးပွဲက စည်စည်ကားကားနဲ့ အောင်မြင်ပြီးသွားကာမှ လှူဒါန်းတဲ့အချိန်ကျတော့ ပုသိမ်က ဌာနဆိုင်
ရာအကြီးအကဲတွေ၊ မြို့မိမြို့ဖတွေ၊ ပွဲဖြစ်မြောက်ရေး ကူညီပေးသူတွေ၊ ကျနော်တို့ Old Stars အသင်းကလူ
ကြီးတွေဘယ်သူမှမပါဘူး။ဘယ်သူ့ကိုမှလည်း မတိုင်ပင်ဘူး။ ဖိတ်လည်း မဖိတ်ဘူး။ သူတို့လုပ်ချင်သလို လုပ်
သွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်” လို့ Old Stars အသင်းနည်း
ပြ ဦးဝင်းသိန်းက ပြောပါတယ်။
န်ပုံငွေဘောလုံးပွဲကရရှိတဲ့
သရုပ်ဆောင် မြင့်မြတ်နဲ့ ရဲမြင့်ထွန်း (ခေါ်) ရဲလေး တို့ ၂ ဦး နာမည်တပ်ပြီး ငွေလှူခဲ့တာဖြစ်ကြောင်း စုံစမ်းသိ
ရှိရပါတယ်။
“ကျနော်တို့က ကလေးတွေ ရန်ပုံငွေရပါစေတော့ဆိုပြီး ကိုယ့်ထမင်း ကိုယ်စားပြီး ကန်ပေးတာပါ။ ကျနော်တို့ Old Starsအသင်းအတွက် ပွဲစဉ်စီသူတွေ တပြားတချပ်မှ ကုန်ကျခြင်း မရှိပါဘူး။ ဘာသာပေါင်းစုံက မိဘမဲ့က
လေးတွေကို လှူပါ့မယ်လို့ ကြေညာထားပြီးကာမှ ဗုဒ္ဓဘာသာကျောင်းတကျောင်းပဲ ကွက်ပြီး လှူသွားတယ်။ အဲတော့ မြို့ခံဘာသာခြားတွေနဲ့ တွေ့တဲ့အခါကျနော်တို့ကဘယ်လိုမျက်နှာပြရမလဲ။ခင်ဗျားတို့က ပြောတော့
တမျိုးလုပ်တော့တမျိုးဆိုပြီးအပြောခံရမယ့်ကိန်းဖြစ်နေပြီ
သိန်းက ပြောပါတယ်။
ရုပ်ရှင်မင်းသားများဘောလုံး
က သိရှိရပါတယ်။
ပုသိမ်မြို့ခံပွဲစဉ်သူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး အများပြည်သူသိရှိနိုင်ရန်အတ
ရပ် ပြုလုပ်သွားမယ်လို့လည်း ပြောပါတယ်။
ဧရာဝတီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၅.၆.၂၀၁၃
0 comments:
Post a Comment