Pages

Saturday, June 15, 2013

ဘားအံ-မြဝတီ လိုင်စင်မဲ့ယာဉ်များ ဇူလိုင်တွင် အရေးယူမည်

လိုင်စင်မဲ့ မော်တော်ယာဉ်များ တွင်ကျယ်စွာ အသုံးပြုနေသည့် ကရင်ပြည်နယ်တွင် ဘားအံ-မော်လမြိုင် ပြေးဆွဲနေသည့် လိုင်စင်မဲ့ ယာဉ်များကို ဇူလိုင် လဆန်းမှ စတင်၍ အရေးယူမည် ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ ပထမအဆင့် သတိပေးခြင်း၊ ပညာပေးခြင်းနှင့် ဒဏ်ရိုက်ခြင်းတို့ဖြင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးစောခေါင်ပန်ထောက The Voice သို့ ပြောကြားသည်။

လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီး အရေးယူမည်ဆိုပါက တရားဝင် လိုင်စင် ထုတ်ပေးမည့် အစီအစဉ် ရှိသင့်ကြောင်း ဘားအံ-မြဝတီ ပြေး ဆွဲနေသော ကုန်တင်ယာဉ် ပိုင်ရှင် ဦးစောမင်းမင်းဦးက ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း အာဆီယံနိုင်ငံများ ကုန်သွယ်ရေး အကောင်အထည်ဖော်ရာတွင် နယ်စပ်မှ ပို့ကုန်၊ သွင်းကုန် စာရင်းများ တိကျ မှန်ကန်စွာ သိရှိစေရန် လိုင်စင်မဲ့ မော်တော်ယာဉ်များကို အရေးယူရန် စီစဉ် ရခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ခွာလ်ကမ်းကေ (The Voice weekly ) , RangonNewsDaily
kolatt(PBDN): 15.6.2013
 

0 comments:

Post a Comment

 
world time