Pages

Friday, May 17, 2013

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင်း လေပြင်းတိုက် အိမ် ၂၀ ကျော် ပျက်စီး

၂၀၁၃ မေလ ၁၇ ရက် ( သောကြာနေ့ )
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် လူသောမြို့နယ်မှာ မေလ ၁၆ ရက် ( ယမန်နေ့ ) ညနေ ၃ နာရီကျော်က လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် စာသင်ကျောင်းအပါအ၀င် လူနေအိမ်ခြေ စုစုပေါင်း ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ ။ လေပြင်းတိုက်ခံရတဲ့ရွာတွေထဲမှာ ဒေးပူနိုရွာက စာသင်ကျောင်း ၂ ကျောင်း ၊ ဘော်ဒါဆောင် ၂ ဆောင် လူနေအိမ် ၁၀ လုံး ပျက်စီးပြီး ကလိုဘောခို ၊ ဖောစေးပူ ၊ သေခါထာ ၊ ထီးလေးကွီး နဲ့ ပေးငေးဒဲ စတဲ့ ရွာတွေမှာတော့ စုစုပေါင်း နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ် ၊ လေပြင်းတိုက်ခတ်ချိန် ၁၅ မိနစ်လောက် ကြာမြင့်ပြီး လူထိခိုက်ဒဏ်ရာ မရပေမယ့် သစ်ပင်ကြီးတွေ လဲပြိုတဲ့အတွက် ကျွဲတစ်ကောင် သေဆုံးတယ်လို့ ဒေသခံရွာသားတွေက ဒီဗွီဘီ ကရင်အစီအစဉ်ကို ပြောသွားပါတယ်။
ဒီဗွီဘီ, Rangonnewsdaily
RND:  :17.5.2013
 

0 comments:

Post a Comment