skip to main |
skip to sidebar
သရက်မြို့၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွား
1:45 PM
Kolatt
 |
|
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ မင်းတုန်းလမ်း၌ ယမန်နေ့ ည ၈
နာရီခွဲက ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သရက်- မင်းတုန်း ကားလမ်း ဆင်ဖြူတော် လမ်းဆုံ အနီး၌ အနောက်မှ
အရှေ့သို့ မြင့်ထွန်းနိုင် ၃၇ နှစ် (ဘ)ဦးထွန်းရွှေ သိမ်ကြီးလမ်း
တောင်မင်းတည်း ရပ်ကွက် သရက်မြို့ မောင်းနှင်ပြီး ယာဉ်နောက်မှ
ပြည့်ဖြိုးမောင် ၁၆ နှစ် (ဘ) ဦးမြင့်ထွန်းနိုင် လိုက်ပါ လာသည့် ကမ်ဘို ၁၁ဝ
အနက်ရောင် ဆိုင်ကယ် (စိစစ်ဆဲ)နှင့် အရှေ့မှ အနောက်သို့ ဝင်းနိုင် ၄ဝ နှစ်
(ဘ)ဦးစံကွန်း ဇီးတောကျေးရွာ အလတ်လယ် ကျေးရွာအုပ်စု သရက် မြို့နယ် မောင်း
နှင်သည့် ၂၂ယ/----- နယူးအမ်ဘို ၁၂၅ အမျိုးအစား အပြာရောင်တို့
မျက်နှာချင်းဆိုင် တိုက်မိရာ မြင့်ထွန်းနိုင်က ဘယ်မျက်ခုံး သုံးလက်မ
ခွဲခန့် ပေါက်ပြဲ ဒဏ်ရာနှင့် နှာခေါင်း သွေးထွက် ဒဏ်ရာ၊ ပြည့်ဖြိုးမောင်၌
ဘယ်ပေါင်ပွန်းပဲ့ ဒဏ်ရာ၊ ဝင်းနိုင်၌ ဘယ်မျက်ခုံး အထက် သုံးလက်မ ခွဲခန့်
ပေါက်ပြဲဒဏ်ရာနှင့် နှာခေါင်း သွေးထွက် ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သရက်ရဲ စခန်းမှ ယာဉ်(ပ) ၈/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မြ၀တီ , Rangonnewsdaily
RND: :17.5.2013
world time
0 comments:
Post a Comment