Pages

Thursday, May 2, 2013

ဖားကန့်မြို့မှာ ယနေ့ညနေ ၅နာရီခန့်က အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ဆိုင်တွေကို လှုအုပ်ကြီးက ၀ိုင်းဝန်းဖျက်ဆီး

ဖားကန့်၊ ၂.၅.၂၀၁၃
ဖားကန့်မြို့မှာ ဒီကနေ့ ညနေ ၅ နာရီလောက်က အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ ၀င်းမေတ္တာ၊ မလိခ၊ ကမ္ဘာကျော် ကုန်မာဆိုင် ၃ဆိုင်ကို လူအုပ်ကြီးက ၀ိုင်း ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ သောက်ရေ ထဲကို အဆိပ်ခပ်မယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လာပြီးတဲ့နောက်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။ ဖားကန့် အနားက မူဆလင်အများစုနေထိုင်တဲ့ ရွာတွေကို ၀င်ပြီး မောင်းထုတ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေလို့ လူတွေ စိုးရိမ် ထိတ်လန့်နေကြတယ်လို့လည်း ဆိုပါတယ်။
BBC (Burmese) , Rangonnewsdaily
RND:  :2.5.2013

0 comments:

Post a Comment

 
world time