Thursday, May 02, 2013
မေဒေးနေ့တွင် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်အနီး၌ခရီးသည်တစ်ဦးကို တက္ကစီသမား တစ်ဦးက ဓားထောက် ဓားပြတိုက် သွားသည်ဟုသတင်းရသည်။
“ဓါးမြှောင် တစ်ချောင်းနဲ့ လည်ပင်းကို ထောက်ထားပြီး အိတ်ကိုယူသွားတယ်။ငွေက
နှစ် သိန်း ကျော်ပါသွားတယ်။ အ၀တ်အစား ပစ္စည်းကတော့တစ်သိန်းဖိုးလောက်ရှိတယ်။
မှတ်ပုံ တင် လည်း ပါသွားတယ်။ မောင် ငွါးဆီးနို၁/ပတအ (နိုင်) ၀၄၈၆၁၄
ဖြစ်ပါတယ်။ တစ်နေရာရာမှာ တွေ့ခဲ့ ရင်ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ။
ဖုန်းနံပါတ်က (တစ်ဆင့်) ၀၉၄၉၂၃၃၆၂၈ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု
ဓားထောက် လုယက်ခံရသည့် ခရီးသည်ကိုငွါးဆီးနိုက ပြောသည်။
အဆိုပါခရီးသည်က အောင်မင်္ဂလာအဝေးပြေးကားကွင်းမှ ခရေပင်လမ်းခွဲသို့သွားရန်တက္ကစီတစ်စီးငှါး
စီးလာ ခြင်းဖြစ်သည်။ သို့သော် တက္ကစီသမားက လူသူရှင်းသည့်နေရာသို့
မောင်းချသွားပြီး ဓါးထောက် ကာ ပါလာ သည့် ငွေ နှင့် ပစ္စည်းအားလုံး လုယက်ပြီး
ခရီးသည်ကို ကားပေါ်မှ ဆင်းခိုင်းခဲ့သည်။
“ယုံဖို့ခက်ခဲတယ်။
ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာပဲ။ သူငယ်ချင်းက အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ရောက် လာ တာ”
ဟု ဓားပြတိုက်ခံရသူ ၏သူငယ်ချင်း ကိုငွါးချယ်ကပြောသည်။
ဖြစ်စဉ်ကို သက်ဆိုင်ရာသို့ အကြောင်းကြားထားပြီး တက္ကစီသမားကိုစုံးစမ်းရှာဖွေနေသည် ဟု သတင်းရ ရှိ သည်။
ကိုဂျေ
အဆိုပါခရီးသည်က အောင်မင်္ဂလာအဝေးပြေးကားကွင်းမှ ခရေပင်လမ်းခွဲသို့သွားရန်တက္ကစီတ
“ယုံဖို့ခက်ခဲတယ်။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာပဲ။ သူငယ်ချင်းက အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ရောက် လာ
ကိုဂျေ
0 comments:
Post a Comment