Pages

Saturday, May 4, 2013

ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

May 4,2013 by naytthit.net 

မေလ ၄ ရက်နေ့ ၁၂ နာရီးနောက်ဆုံးထား ထွက်ခွာပေးဖို့ အစိုးရရဲ့ ရာဇသံအချိန်ကျော်သွားပေမယ့်
ဒီကေဘီအေနဲ့ အစိုးရတပ်တွေနဲ့ကြား အနီးကပ် နေရာယူ ရင်ဆိုင်နေကြပြီး တင်းမာနေတဲ့ အနေအထားကိုရောက်ရှိနေပါတယ်။

နှစ်ဖက်တင်းမာနေတဲ့အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC) မှ တာဝန်ရှိသူတဦးက ပြဿနာကိုဖြေရှင်းပေးဖို့ ၂၄ နာရီအတွင်း အကြောင်းပြန်ကြားပေးမယ်ဆိုတာနဲ့ အစိုးရတပ်တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့်နေရာယူထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က အခုလိုပြောကြားလာပါတယ်..

“အခြေအနေကတော့ Peace Center က ဒေါက်တာမင်းဇော်ဦး ဖုန်းဆက်လာတယ်။ ဖြစ်နေတဲ့ပြဿနာပြေလည်သွားအောင် ဖြေရှင်းပေးဖို့အတွက် အထက်လူကြီးတွေနဲ့တိုင်ပင်ပြီး ၂၄ နာရီအတွင်း အကြောင်းပြန်မယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ အစိုးရတပ်တွေကတော့ မြဝတီမြို့ထဲမှာ လိုက်လှည့်နေတယ်။ နောက်တခုက သောင်ရင်းမြစ်တလျောက်က နယ်စပ်ဖြတ်ကူးဂိတ် ၁ ဂိတ်ကနေ ဗိုလ်မှူးတိုက်ဂါး တည်ရှိတဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ဖြတ်ကူးဂိတ်အထိ တောက်လျောက်နေရာယူထားကြတယ်။ ပစ်ကျင်းတွေတူးထားတယ်။ အဓိကဖယ်ခိုင်းထားတဲ့ ဟတ်ကြီးရေကာတာလုပ်မယ့် နေရာအနီးက ဒီကေဘီအေ တပ်တွေကိုတော့ အစိုးရတပ်တွေ အနီးကပ်နေရာယူထားတယ်။ ဆက်တိုးရင်တော့ တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်။”

မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမထိုးခင်အတွင်း ကရင်ပြည်နယ် ဟတ်ကြီးရေကာတာအနီးရှိ ဒီကေဘီအေ ကလို့ထူးလား ဗျူဟာမှူးဆီစာရေးကာ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအတွက် နယ်မြေရှင်းလင်းဖို့အကြောင်းပြပြီး ဒီကေဘီအေ တပ်တွေကို နယ်မြေတွင်းက ထွက်ခွာခိုင်းတဲ့ အစိုးရစစ်တပ်ရဲ့ ရာဇသံပေးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လူထုအတွင်းစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

May 4,2013
မေလ ၄ ရက်နေ့ ၁၂ နာရီးနောက်ဆုံးထား ထွက်ခွာပေးဖို့ အစိုးရရဲ့ ရာဇသံအချိန်ကျော်သွားပေမယ့်ဒီကေ
ဘီအေနဲ့ အစိုးရတပ်တွေနဲ့ကြားအနီးကပ် နေရာယူရင်ဆိုင်နေကြပြီး တင်းမာနေတဲ့ အနေအထားကိုရောက်
ရှိနေပါတယ်။ နှစ်ဖက်တင်းမာနေတဲ့အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC)မှ တာဝန်
ရှိသူတဦးက ပြဿနာကိုဖြေရှင်းပေးဖို့ ၂၄ နာရီအတွင်းအကြောင်းပြန်ကြားပေးမယ်ဆိုတာနဲ့ အစိုးရတပ်
တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့်နေရာယူထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်
ဆန်းအောင်က အခုလိုပြောကြားလာပါတယ်..

“အခြေအနေကတော့ Peace Center က ဒေါက်တာမင်းဇော်ဦး ဖုန်းဆက်လာတယ်။ ဖြစ်နေတဲ့ပြဿနာပြေ
လည်သွားအောင် ဖြေရှင်းပေးဖို့အတွက် အထက်လူကြီးတွေနဲ့တိုင်ပင်ပြီး ၂၄ နာရီအတွင်း အကြောင်းပြန်
မယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ အစိုးရတပ်တွေကတော့ မြဝတီမြို့ထဲမှာ လိုက်လှည့်နေတယ်။ 
 
 နောက်တခုက သောင်ရင်းမြစ်တလျောက်က နယ်စပ်ဖြတ်ကူးဂိတ် ၁ ဂိတ်ကနေ ဗိုလ်မှူးတိုက်ဂါး တည်ရှိတဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ဖြတ်ကူးဂိတ်အထိ တောက်လျောက်နေရာယူထားကြတယ်။ ပစ်ကျင်း
တွေတူးထားတယ်။ အဓိကဖယ်ခိုင်းထားတဲ့ ဟတ်ကြီးရေကာတာလုပ်မယ့် နေရာအနီးက ဒီကေဘီအေ တပ်
တွေကိုတော့အစိုးရတပ်တွေအနီးကပ်နေရာယူထားတယ်။ဆက်တိုးရင်တော့ တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်။”

မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမထိုးခင်အတွင်း ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ
အနီးရှိ ဒီကေဘီအေ ကလို့ထူးလား ဗျူဟာမှူးဆီစာရေးကာ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအတွက် နယ်
မြေရှင်းလင်းဖို့အကြောင်းပြပြီး ဒီကေဘီအေ တပ်တွေကို နယ်မြေတွင်းက ထွက်ခွာခိုင်းတဲ့ အစိုးရစစ်တပ်ရဲ့ ရာဇသံပေးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လူထုအတွင်းစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်
လျက်ရှိပါတယ်။
 
နေ့သစ် မီဒီယာ, Rangonnewsdaily
RND:  :4.5.2013

0 comments:

Post a Comment