JTWC
(ဟာဝိုင်အီအခြေစိုက် အမေရိကန်ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်း သတိပေး
စင်တာ)ရဲ့ ဒီကနေ့မ
နက် ထုတ်ပြန်သတိပေးချက်အရ လာမယ့် ၁၂ နာရီ
နောက်ပိုင်းမှာ အရှေ့မြောက်ဘက်ကို ချိုးကွေ့တဲ့အခါ
ရွေ့လျားမှုနှုန်း
အနည်းငယ် နှေးကွေးသွားပြီး ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်း
မုန်တိုင်းအဆင့်ကို ရောက်ရှိ
လာမှာ ဖြစ်ပါတယ်။ အဲဒိ့နောက် လာမယ့်
၉၆ နာရီနောက်ပိုင်းကျရင် ဆိုင်ကလုန်းမုန်တိုင်း MAHASEN ဟာ အင်အားကောင်း
ဆိုင်ကလုန်းမုန်တိုင်း အဆင့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
စစ်တကောင်းမြို့မြောက်ဘက်ကနေ ကုန်းတွင်းကို ဖြတ်
ကျော်ဝင်ရောက်မယ်လို့
ခန့်မှန်းထားပါတယ်။
အခုလက်ရှိအချိန်အထိတိုင်းထွာခန့်မှန်းချက်တွေအရမုန်တိုင်းဟာ မြန်မာနိုင်ငံကိုတိုက်ရိုက်ဝင်ရောက်တိုက်
ခတ်နိုင်ဖွယ်
အခြေအနေ မရှိပေမယ့် JTWC သတိပေးချက်ထဲမှာတော့ မုန်တိုင်း
လေပြင်းတိုက်ခတ်ခံရနိုင်
ဖွယ် ရှိနေတဲ့ဧရိယာအတွင်းမြန်မာနိုင်ငံ
မြောက်ပိုင်းဒေသတွေ(ပုံပါစက်ဝန်းအတိုင်း)ပါဝင်နေဆဲဖြစ်ကြောင်း
တွေ့မြင်ရပါတယ်။
Ref: JTWC+mmweather page
Rangonnewsdaily
RND: :12.5.2013
![]() |

0 comments:
Post a Comment