ကျွန်တော်များ MyanmarCarsDB မှ ယခင်တစ်ပါတ်မှဖော်ပြထားခဲ့သည့်
ပျက်စီးဂျပန်ကားများ တင်သွင်းဟု
ဆိုသည့် သတင်းနှင့်ပါတ်သက်၍
ထပ်မံရရှိသောသတင်းကို တင်ပြလိုက်ရပါသည်။
ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပျက်စီးနေသော မော်တော်ယာဉ်များ ပြည်တွင်းသို့တင်သွင်းသည့် ကုမ္ပဏီ ငါးခုကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တစ်နှစ်ပိတ်ပင်လိုက်ကြောင်း မြန်မာ
ဂျပန်နိုင်ငံတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပျက်စီးနေသော မော်တော်ယာဉ်များ ပြည်တွင်းသို့တင်သွင်းသည့် ကုမ္ပဏီ ငါးခုကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တစ်နှစ်ပိတ်ပင်လိုက်ကြောင်း မြန်မာ
နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုနှင်
ကုန်သည်လုပ်ငန်းရှင်များ အသင်းထံမှ စုံစမ်းသိရှိရသည်။
ယာဉ်တိုက်မှုဖြစ်ပွား၍ ပျက်စီးသောမော်တော်ယာဉ်များတင်သွင်းပါက အဆိုပါမော်တော်ယာဉ်များကိုဥပဒေ
ယာဉ်တိုက်မှုဖြစ်ပွား၍ ပျက်စီးသောမော်တော်ယာဉ်များတင်သွင်းပါက အဆိုပါမော်တော်ယာဉ်များကိုဥပဒေ
နှင့်အညီ နိုင်ငံပိုင်သိမ်း ဆည်း၍
သံရည်ကျိုဖျက်ဆီးမည့်အပြင်ယင်းသို့ဆောင်ရွက်ခြင်းကိုလည်း
အများပြည်
သူထင်သာမြင်သာရှိစေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစီးပွား/ကူးသန်းဝန်ကြီးဌာနကသတင်းထုတ်ပြန်
ထားသည်။
ပျက်စီးမော်
တော်ယာဉ်များကိုတင်သွင်းလာသည့် ကုမ္ပဏီများကိုလည်း တင်သွင်းခွင့်
တစ်နှစ်ပိတ်ပင်သွား
မည့်အပြင် လက် ရှိကျန်ရှိနေသည့် ယင်းယာဉ်များနှင့်
ထပ်မံတင်သွင်းလာသည့် ပျက်စီးယာဉ်များကိုလည်း ဥပဒေနှင့်အညီ
အရေးယူသွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။
Myanmar Car DB ,Rangonnewsdaily
RND: :21.5.2013
RND: :21.5.2013
0 comments:
Post a Comment