skip to main |
skip to sidebar
ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ်အတွင်း အမှိုက်ပုံးတခု အတွင်းမှ လက်နက်၊ ခဲယမ်းများ တွေ့ရှိ
1:11 PM
Kolatt
၂၀၁၃ခုနှစ်၊ မေလ ၂၀ရက် ညနေ (၄)နာရီ(၁၀)မိနစ် အချိန်
ခန့်တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး အရှေ့ရပ်ကွက်
ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းတွင်အမှိုက်ပုံးတခုအတွင်းမှ လမ်းနက်ခဲယမ်းများရှာဖွေတွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။ကြည့်မြင်တိုင်မြို့နယ်အတွင်း သန့်ရှင်းရေး ဆောင် ရွက်နေသော
မြို့နယ် စည်ပင် သာယာ ရေး ကော်မတီမှ မသင်းမြတ်စိုး (၃၂)နှစ် (ဘ)
ဦးစိန်မြင့်ဦးသည် အမှိုက်ပုံးအတွင်းမှ
ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော
အမ်-၁၆ ကျည်ဆံ (၅၆)တောင့် (အသုံးပြုရ)၊
၎င်းကျည်ကဒ် (၁)ကဒ် (အသုံးပြုရ)၊
ကာဘိုင်ကျည်ဆံ (၁၁)တောင့် (အသုံးပြုရ)၊
၉မမ ကျည်ဆံ (၂၂)တောင့် (အသုံးပြုရ)၊
ပွိုင့် -၃၈ကျည် (၁၃)တောင့်တို့နှင့် ကိုယ်ထည် အမှတ် C- 117374
စပိန်နိုင်ငံ ထုတ် အဖုံးတွင် Star Trade Mark စာတမ်းပါ စတီး ပစ္စတို (၁)လက်
(အသုံးပြုရ)
ပစ္စတို ထည့်အိတ် အနက်ရောင် (၁)လုံးတို့အား
တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ
တာဝန် ရှိသူများမှ သွားရောက် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။
မြ၀တီသတင်း , Rangonnewsdaily
RND: :21.5.2013
0 comments:
Post a Comment