skip to main |
skip to sidebar
အရက်သောက်စားမူးယစ်နေသည့်သားအား ဓါတ်ဆီလောင်း၍ဆုံးမစဉ် မီးလောင်
2:04 PM
Kolatt
နေပြည်တော်၊ မေ ၁၉
၁၇-၅-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊
တက္ကသိုလ်ရပ်ကွက်၊ တက္ကသိုလ်ဝင်းနေ ဒေါ်စန်း(၆၂)နှစ်သည် သားဖြစ်သူ
စိုးမင်းအောင်(၂၃)နှစ်မှာ အရက်သေစာသောက်စား၍ မူးယစ်ရမ်းကားနေသဖြင့်
ဆုံးမ,မရသောကြောင့် အနီးရှိ ဓါတ်ဆီ ပုလင်းအားယူ၍ ပါးစပ်အတွင်းလောင်းထည့်စဉ်
စိုးမင်းအောင်၏ခန္ဓာကိုယ်ပေါ်သို့
ဖိတ်စင်ကျကာ အိတ်ကပ်တွင်းရှိ ဂက်စ်မီးခြစ်နှင့်ထိတွေ့ပြီး
မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ မီးလောင်မှုကြောင့် စိုးမင်းအောင်၏
ဝဲ/ယာလက်နှင့်နောက်ကျော၊ တင်ပါး၊ ယာခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများ
ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသကာ ဒေါ်စန်းအား
မန္တလေးအမှတ်(၉)ရဲစခန်း (ပ)၃၀၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ ဖြင့်
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည် , Rangonnewsdaily
RND: :19.5.2013
0 comments:
Post a Comment