စေလွှတ်မှုကို စောင့်ကြည့်နေဆဲဖြစ်ကြောင်းအစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ သတင်းရရှိသည်။ အစိုး
ရ ပြည်ပအလုပ်အကို အေဂျင်စီမှတာဝန်ရှိသူတဦးက“စက်ရုံတခုမှာ အမျိုးသမီး အလုပ်သမား အချင်းအချင်း
အဖော်ရအောင်လို့တကြိမ်ကို နှစ်ယောက်မခေါ်ရင်မဖြစ်ဘူးလို့ပြောထားတယ်။ ဒီလိုမှ မဟုတ်ရင် အမျိုးသမီး
တွေအတွက် လုံခြုံမှု မရှိနိုင်ဘူး” ဟုဆိုသည်။
မြန်မာအစိုးရသည်အမျိုးသမီးအလုပ်သမားများကိုကိုးရီးယားနိုင်ငံမှ ခေါ်ယူလိုပါက အနည်းဆုံးနှစ်ဦးခန့်ခေါ်
ယူမှသာ ခွင့်ပြုမည်ဟုကိုးရီးယားအစိုးရထံ တောင်းဆိုထား သော်လည်း၎င်းတို့ဘက်မှအာမခံမှု မပေးနိုင်၍
စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုသို့ ညှိနှိုင်းနေဆဲ ကာလတွင်လည်း မြန်မာအစိုးရ အနေဖြင့် တဖက်နိုင်ငံ၏ လုပ်ငန်းခွင် အခြေအနေများ
ကို စုံစမ်းမှုများ ပြုလုပ်လျှက်ရှိသည်။ စုံစမ်းရာတွင် ကိုးရီးယား အလုပ်ရှင် တချို့သည် အမျိုးသမီးအလုပ်သ
မားများကိုစက်ရုံတွင်သာမက၎င်း၏ အိမ်တွင်ပါ ခေါ်ယူစေခိုင်းခြင်း၊ အမျိုးသမီး အလုပ်သမားနှင့် အမျိုးသား
အလုပ်သမားများကို ရောနှော၍ ထားခြင်းစသည့် အချက်များကို စုံစမ်း တွေ့ရှိရ၍ မြန်မာ အမျိုးသမီးများလုံ
ခြုံရေးအတွက် စေလွှတ်ရန် နှောင့်နှေး နေရခြင်း ဖြစ်သည်။
မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး ခေတ္တပြန်လာသူ မမိုးဆွေက “သူများနိုင်ငံမှာ အလုပ်လုပ်တာ ဆိုတော့ အစစအရာရာသတိထားနေရတယ်။မိန်းကလေးဆိုတော့ပိုဆိုးတာပေါ့။အမျိုးသမီးတွေကို အိမ်ဖော်တို့ဖျော်
ဖြေရေးတို့မှာ
ကပဲ ပြဿနာတွေ ဖြစ်တာပိုများတယ်။ ကိုယ့်ကို ကာကွယ်မဲ့သူတွေက ဘယ်သူတွေ ဆိုတာကို သိပြီးတော့
မှ ထွက်သွားစေချင်တယ်” ဟု အမျိုးသမီး အလုပ်သမားများ၏ အခြေအနေကို ရှင်းပြသည်။
မြန်မာ အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ် ကိုင်ခွင့်ပြုထားသော်
လည်းအိမ်အကူနှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင်လုပ်ကိုင်ခွင့် ပြုမည် မဟုတ်ကြောင်း၊ တကြိမ်လျှင် အနည်း
ဆုံး အလုပ်သမား နှစ်ဦးခန့် ခေါ်ယူရမည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်ထား
သည်။
မေဦး
ရန်ကုန် (မဇ္ဈိမ) , Rangonnewsdaily
RND: :19.5.2013
0 comments:
Post a Comment