အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီပထမအကြိမ်အစည်းအဝေးကို ယနေ့ မေလ ၂၇ ရက်နေ့က တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြည်နယ်နှင့်တိုင်း ကိုယ်စားလှယ်အသီးသီး၏
တင်ပြချက်၊ အကြံပြုချက်များကို ပြန်လည်ဖြေကြားခဲ့ကာ မီဒီယာသမားများ
အနေဖြင့် ပြည်သူပြည်သားများ အားရကျေနပ်အောင် ဆက်လက်၍ အလုပ်လုပ်ကြပါ ဟု
တိုက်တွန်းပြောကြားခဲ့ပြီး ယနေ့အစည်းအဝေးကို လာရောက်အားပေးသည့် အတွက်
ကျေးဇူးအထူး တင်ပါကြောင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ
မွန်းလွဲ ၂ နာရီခန့်တွင်အစည်းအဝေးမှ ပြန်လည်ထွက်ခွာခဲ့သည်။
မျိုးမောင် (ပေါ်ပြုလာမြန်မာ) , Rangonnewsdaily
RND: :27.5.2013

![]() |
![]() |
![]() |
![]() |
0 comments:
Post a Comment