တကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော် မနေ့က နာရီ အနည်းငယ် ထိန်းသိမ်းခံခဲ့ရပါတယ်။ "ကျနော့်ကို ညနေ
၅ နာရီလောက်မှာ ပြန်လွှတ်လိုက်တယ်။ ပုဒ်မ ၁၈ နဲ့ ဖမ်းပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ ကျနော် မထိုးခဲ့
ဘူး။ သူတို့လည်း ညှိလို့မရတာနဲ့ ပြန်လွှတ်လိုက်တယ်" လို့ ကိုထင်ကျော်က ဧရာဝတီကို ဒီကနေ့ (သောကြာ
နေ့) ညနေပိုင်းမှာ ပြောပါတယ်။
စီတန်း လှည့်လည်မှု ဆိုင်ရာ ပုဒ်မနဲ့ ဖမ်းတာပါ တဲ့။
"ဖမ်းရင်လည်း ဖမ်း။ အ၀တ်အစားတစ်ခါတည်း ထည့်သွားတယ်။ ကျနော်ကတော့ တရားရုံးက ၀ရမ်းထုတ်
ဖမ်းလည်းလိုက်သွားမယ်။ တရားရုံးရောက်ရင် ဆန္ဒဆက်ပြမယ်၊ အော်မယ်" လို့ ကိုထင်ကျော်က ဆက်ပြော
ပါတယ်။
သူ့ကို ရန်ကုန် ပန်းဘဲတန်း နဲ့ ကျောက်တံတား မြို့နယ်ရဲစခန်းနှစ်ခုက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြတာလို့ ဆိုပါတယ်။
ကိုထင်ကျော်က သူလမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ဒီမြို့နယ်နှစ်ခု အာဏာပိုင်တို့ကို ဆန္ဒမပြမီတစ်ရက်အလိုမှာ
အကြောင်းကြားစာပို့ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
Irrawaddy , Rangonnewsdaily
RND: :11.5.2013
0 comments:
Post a Comment