skip to main |
skip to sidebar
ဆိုင်ကယ်အိတ်ဇောဖွင့်မောင်းသူများကြောင့် မုံရွာမြို့ခံများ စိတ်အနှောင့်အယှက်ဖြစ်
9:54 PM
Kolatt
ဧပြီ ၊..၁၁
မဟာသင်္ကြန်ပွဲတော်သို့ မရောက်သေးသော်လည်း မုံရွာမြို့မှ လူငယ်အချို့သည်
ဆိုင်ကယ်များကို အိတ်ဇောများဖွင့်ကာ တရကြမ်းမောင်းနေသည်ကို တွေ့ရှိရပါသည်။
ထိုသို့သော လူငယ်များကြောင့် မုံရွာမြို့ခံများမှာ
စိတ်အနှောင့်အယှက်ဖြစ်နေကြကြောင်း သိရှိရပါသည်။
“ရပ်ကွက်ထဲမှာ ကတ္တရာလမ်းတွေခင်းထားတော့ လမ်းကကောင်းနေတယ်လေ။ အဲဒီမှာ
တစ်ချို့လူငယ်တွေက ဆိုင်ကယ်ကို အတင်းမောင်းကြတယ်။ အိတ်ဇောကဖွင့်ထားသေးတယ်။
အတင်းစိတ်တိုမိတယ်”ဟု ရတနာပုံရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ထိုသို့စီးနင်းကြသော သူများမှာ အများအားဖြင့် ဆယ်ကျော်သက်အရွယ်
လူငယ်လေးများဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများက ထိန်းသိမ်းသင့်ကြောင်းလည်း
တက္ကသိုလ်ဆရာတစ်ဦးက ပြောသည်။
ညလူခြေတိတ်ချိန်တွင် ထိုသို့မောင်းသည့်အတွက် အိပ်ယာမှ လန့်နိုးရကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။
သို့ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် ထိုလူငယ်များကို ထိန်းသိမ်းပေးစေလိုကြောင်း မုံရွာမြိ့ခံများ ဆန္ဒရှိနေကြကြောင်း သိရှိရပါသည်။
Monywa Times , Rangonnewsdaily
RND:11.4.2013
world time
0 comments:
Post a Comment