ဧပြီလ ၁၁ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန်မြို့တွင်းရှိယာဉ်ကြောပိတ်ဆို့သည့်နေရာများတွင်ခုံးကျော်တံတားများ ထပ်မံတည်ဆောက်ဦးမည်ဟု
မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆိုသည်။“အထူးသဖြင့် မရမ်းကုန်းမြို့နယ်ရှိ ရှစ်မိုင် လမ်းဆုံနဲ့ စမ်းချောင်းမြို့နယ်-မြေနီကုန်း လမ်းဆုံ နေရာတွေမှာ တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်” ဟု လမ်းတံတားဌာနမှ ဒုတိယ ဌာနမှူး ဦးစည်သူလွင် က မဇ္ဈိမကို ပြောသည်။ ဒီဇင်ဘာတွင် အပြီးတည်ဆောက်မည့် လက်ရှိတည်ဆောက်ဆဲ ခုံးကျော်တံတားများ အပြီးတွင် အသစ်များ စတင်အကောင်အထည်ဖေါ်မည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင် တည်ဆောက်နေသည့် ခုံးကျော်တံတားများအနက် လှည်းတန်း
ခုံးကျော် တံတားကို ဖွင့်ပွဲ မပြုလုပ်မီ ဧပြီလ ၁၀ ရက်မှ စတင်၍ ယာဉ်များ
ဖြတ်သန်းခွင့် ပြုခဲ့သည်။
“လှည်းတန်း ခုံးကျော်တံတားကို မနေ့က
စဖြတ်ခွင့်ရတော့ တံတားအောက်မှာ ကားတွေ ပိတ်ဆို့မှု အတန်အသင့်
လျော့ပါးသွားပါတယ်။ ဒါပေမယ့် ဟံသာဝတီ အဝိုင်းမှာ သွားပြီးပိတ်နေတာ အချိန်
အတော်ကြာခဲ့တယ်” ဟု ကိုယ်တွေ့ ကြုံသူ တက္ကစီယာဉ်မောင်း ဦးသာရင် က ပြောသည်။
ဗိသုကာပညာရှင် ဦးလှရွှေကလည်း “ယာဉ်ကြော ပိတ်တိုင်းသာ ခုံးကျော်တံတား
လိုက်ထိုးနေရရင် တမြို့လုံး ခုံးကျော်တံတားတွေချည်းပဲ နေမှာပဲ။ မလုပ်ခင်
သေသေချာချာ စဉ်းစားစေချင်ပါတယ်။ တနေရာပွင့်ပြီး တနေရာမှာ
ပိတ်သွားတာမျိုးကလည်း မဖြစ်သင့်ပါဘူး။ ကျွမ်းကျင် အင်ဂျင်နီယာတွေ
ဖိတ်ခေါ်ပြီး အကြံဉာဏ် ယူသင့်ပါတယ်။ ဒါမှမဟုတ် လူ၊ တိရိစ္ဆာန် မဖြတ်စေဘဲ
သံတိုင်တွေ ကာရံပြီး အဝေးပြေး လမ်းတခုကို ကမ်းနားဘက် အခြမ်းမှာပဲဖြစ်ဖြစ်
ဖောက်လိုက်ရင်ရော အဆင်ပြေနိုင်မလား ဆိုတာမျိုးကိုလည်း စဉ်းစားသင့်ပါတယ်” ဟု
အကြံပြု ပြောကြားသည်။
ရန်ကုန်မြို့တွင် တည်ဆောက်နေသည့် ခုံးကျော်တံတားများအနက် လှည်းတန်း ခုံးကျော် တံတားကို ဖွင့်ပွဲ မပြုလုပ်မီ ဧပြီလ ၁၀ ရက်မှ စတင်၍ ယာဉ်များ ဖြတ်သန်းခွင့် ပြုခဲ့သည်။
“လှည်းတန်း ခုံးကျော်တံတားကို မနေ့က စဖြတ်ခွင့်ရတော့ တံတားအောက်မှာ ကားတွေ ပိတ်ဆို့မှု အတန်အသင့် လျော့ပါးသွားပါတယ်။ ဒါပေမယ့် ဟံသာဝတီ အဝိုင်းမှာ သွားပြီးပိတ်နေတာ အချိန် အတော်ကြာခဲ့တယ်” ဟု ကိုယ်တွေ့ ကြုံသူ တက္ကစီယာဉ်မောင်း ဦးသာရင် က ပြောသည်။
ဗိသုကာပညာရှင် ဦးလှရွှေကလည်း “ယာဉ်ကြော ပိတ်တိုင်းသာ ခုံးကျော်တံတား လိုက်ထိုးနေရရင် တမြို့လုံး ခုံးကျော်တံတားတွေချည်းပဲ နေမှာပဲ။ မလုပ်ခင် သေသေချာချာ စဉ်းစားစေချင်ပါတယ်။ တနေရာပွင့်ပြီး တနေရာမှာ ပိတ်သွားတာမျိုးကလည်း မဖြစ်သင့်ပါဘူး။ ကျွမ်းကျင် အင်ဂျင်နီယာတွေ ဖိတ်ခေါ်ပြီး အကြံဉာဏ် ယူသင့်ပါတယ်။ ဒါမှမဟုတ် လူ၊ တိရိစ္ဆာန် မဖြတ်စေဘဲ သံတိုင်တွေ ကာရံပြီး အဝေးပြေး လမ်းတခုကို ကမ်းနားဘက် အခြမ်းမှာပဲဖြစ်ဖြစ် ဖောက်လိုက်ရင်ရော အဆင်ပြေနိုင်မလား ဆိုတာမျိုးကိုလည်း စဉ်းစားသင့်ပါတယ်” ဟု အကြံပြု ပြောကြားသည်။
0 comments:
Post a Comment