ဆိုက်ဘာ တိုက်ခိုက်ရေး စစ်သည်များသည် အမေရိကန် စစ်တပ်တွင် အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်
လာခဲ့ကြောင်း Associated Press သတင်း ဌာနက ပြောကြားခဲ့သည်။ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှုကို ဆန်
့ကျင်နိုင်ရန် အတွက် အမေရိကန်
စစ်တပ်မှ ကျွမ်းကျင် ပညာရှင်များသည် ကွန်ပျူတာ လေ့ကျင့်မှုများကို ပိုမို
ပြုလုပ်လျက် ရှိသည်။ အမေရိကန် ကုမ္ပဏီများ၏ ဆိုက်ဘာ တိုက်ခိုက်
ခံရမှုတွင် တရုတ်နိုင်ငံ ပါဝင်ကြောင်း အမေရိကန် အစိုးရက သံသယ ရှိနေသည်။
၎င်းတိုက်ခိုက်မှုသည် တရုတ်နိုင်ငံမှ ဆိုက်ဘာ စစ်သည်များ၏ လက်ချက်ဟု
ယူဆရ
ကြောင်း အမေရိကန် သတင်း စာများက ဖော်ပြခဲ့သည်။
အမေရိကန် သမ္မတ ရုံးသည် ဆိုက်ဘာ တိုက်ခိုက်မှု ခံရကြောင်း Associated Press သတင်း ဌာနက ၄င်းတို
့၏ တွစ်တာ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။
ထို့ပြင် Burger King, Ebay နှင့် NBC သတင်းဌာနများ သည်လည်း မကြာ သေးမီက ဆိုက်ဘာ တိုက်ခိုက် ခံခဲ့
ရသည်။ယခုကဲ့သို့ဆိုက်ဘာတိုက်ခိုက်မှုများ များပြားလာခြင်းကတပ်သားသစ်များအား
ဆိုက်ဘာ တိုက်ခိုက်
ရေး စစ်သည် တာဝန်ကို ပိုမို စိတ်ဝင်စား လာနိုင်စေ
ခဲ့သည်။
အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံ တို့မှတာဝန်ရှိသူများသည်ဆိုက်ဘာ လုံခြုံရေး ခြိမ်းခြောက်မှုနှင့်
စပ်လျဉ်း၍ ယခု သီတင်းပတ်
အတွင်းက အဆင့်မြင့် တွေ့ဆုံပွဲကို ပြုလုပ် ခဲ့ကြသည်။သက်သေအထောက်
အထား
များစွာ ရှိနေသော်လည်း အမေရိကန် အစိုးရ၏ ဝက်ဘ်ဆိုက် များနှင့် အမေရိကန်
ကုမ္ပဏီ၏ ဝက်ဘ်

0 comments:
Post a Comment