သင်္ကြန်နောက်ဆုံးရက် ဧပြီလ ၁၆ရက် သင်္ကြန်လည်သော တပ်မတော်သား တစ်ချို့နှင့်
ရေပက်ခံကားတစ်စီး ခြောက်မိုက်ခွဲရှိ AGD မဏ္ဍပ်ရှေ့တွင်
ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရေပက်ခံကားမှ ရေပက်ခံကားမှ
ပြည်သူတစ်ဦးသေဆုံးသွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ပါဝင်သူတပ်မတော်သားများအား
ထိုက်တန်သည့်ပြစ်ဒဏ်ကျခံစေချင်သည်ဟု သေဆုံးသူ၏ ဇနီးမှ ပြောကြားသည်။သေဆုံးသူမှာ သာကေတမြို့နယ်နေ ကိုမျိုးသူဝင်း (၃၄နှစ်) ဖြစ်ပြီး
ခိုက်ရန်ဖြစ်ပွားချိန်တွင် " ငါတို့က တပ်ကကွ၊ မင်းတို့က လူမိုက်လား"
ဟုဆိုကာ ကိုမျိုးသူဝင်းအား ဆွဲထိုးကြောင်း၊ထို့အပြင် ကားပေါ်ပါလူတစ်ချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး
ယင်းနောက်လူစုခွဲပြီး ကားပေါ်ပြန်အတက်တွင် မဖောက်ရသေးသည့်
အရက်ပုလင်းဖြင့်လှမ်းပေါက်ရာ ကိုမျိုးသူဝင်း၏ ၀ဲဘက်လည်ပင်း ရှိ
သွေးပြန်ကြောနှင့် သွေးလွှတ်ကြော ပြတ်ရှပြီး ဆေးရုံသို့ အသွားတွင်
သွေးလွန်သေဆုံးသွားကြောင်း၊
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment