Pages

Pages - Menu

Sunday, April 21, 2013

ရန်ကုန်မြို့၊ သင်္ကြန်တွင်း AGD မဏ္ဍပ်ရှေ့ လူသေမှုဖြစ်စဉ်တွင် ပါဝင်သူ တပ်မတော်သားများ ထိုက်တန်သည့် ပြစ်ဒဏ် ကျခံစေချင်လို

သင်္ကြန်နောက်ဆုံးရက် ဧပြီလ ၁၆ရက် သင်္ကြန်လည်သော တပ်မတော်သား တစ်ချို့နှင့် ရေပက်ခံကားတစ်စီး ခြောက်မိုက်ခွဲရှိ AGD မဏ္ဍပ်ရှေ့တွင် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရေပက်ခံကားမှ ရေပက်ခံကားမှ ပြည်သူတစ်ဦးသေဆုံးသွားခဲ့သည့် ယင်းဖြစ်စဉ်တွင် ပါဝင်သူတပ်မတော်သားများအား ထိုက်တန်သည့်ပြစ်ဒဏ်ကျခံစေချင်သည်ဟု သေဆုံးသူ၏ ဇနီးမှ ပြောကြားသည်။သေဆုံးသူမှာ သာကေတမြို့နယ်နေ ကိုမျိုးသူဝင်း (၃၄နှစ်) ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားချိန်တွင် " ငါတို့က တပ်ကကွ၊ မင်းတို့က လူမိုက်လား" ဟုဆိုကာ ကိုမျိုးသူဝင်းအား ဆွဲထိုးကြောင်း၊ထို့အပြင် ကားပေါ်ပါလူတစ်ချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ယင်းနောက်လူစုခွဲပြီး ကားပေါ်ပြန်အတက်တွင် မဖောက်ရသေးသည့် အရက်ပုလင်းဖြင့်လှမ်းပေါက်ရာ ကိုမျိုးသူဝင်း၏ ၀ဲဘက်လည်ပင်း ရှိ သွေးပြန်ကြောနှင့် သွေးလွှတ်ကြော ပြတ်ရှပြီး ဆေးရုံသို့ အသွားတွင် သွေးလွန်သေဆုံးသွားကြောင်း၊
ထိုကားပေါ်တွင် အတူလိုက်ပါလာသူ တစ်ဦးက ၄င်း၏ မျက်မြင်တွေ့ရှိချက်များကို ပြောကြားသည်။
" အခု ကျွန်မမှာ ကိုယ်ဝန်လေးလနဲ့ ကျန်ခဲ့တယ်၊ ကျွန်မ လျှော်ကြေးလဲ မလိုချင်ဘူး၊ အခုသတင်းတွေမှာလည်း မတော်တဆ ဖြစ်သ လိုရေးနေကြတယ်၊ ကျွန်မကတော့ သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ် ကျခံစေချင်ပါတယ်" ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မမီမီအောင် က ပြောကြားပါသည်။

ခိုက်ရန်ဖြစ်ပွားရာတွင်ပါဝင်သူ တပ်သားကို အခင်းဖြစ်သည့် ညတွင်ပင် တောင်ဥက္ကလာပမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးမိခဲ့ကြောင်း၊ယင်းနောက်ခိုက်ရန်ဖြစ်ပွားသည် တပ်သားများ၏ တပ်ရင်းနှင့် သေဆုံး သည့်သူ မိသားစုဝင်များကို တောင်ဥက္ကလာပရဲစခန်း တွင် ခေါ်ယူတွေ့ ဆုံခဲ့ကြောင်း၊

ခိုက်ရန်ဖြစ်ပွားသည့် တပ်သားများမှာ တပ်ရင်း ၃၂၃ တပ်မတော်ထောက်ပို့(မင်္ဂလာဒုံ) မှ တပ်သားများ ဖြစ်ကြောင်း၊ သေဆုံးသူ၏ ဇနီးဖြစ်သူမှ ဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပါတ်သက်၍ လှိုင်မြို့နယ်ရဲစခန်းအား သွားရောက်မေးမြန်း ရာတွင် စခန်းမှူးရဲအုပ် သိန်းဆွေမြင့်မှ " ဒီကိစ္စနှင့် ပါတ်သက်ပြီး တိုင်းရုံးကို မေးပါ၊ ကျွန်တော်တို့ အနေနဲ့ ဖြေခွင့်မရှိဘူး၊ တရားဝင်စာ နဲ့တင်ရင်တော့ နေပြည်တော်ထိ တင်ပေးမယ်" ဟု ပြောကြားသည်။

အဆိုပါပြစ်မှုကျူးလွန်သူများကို ယင်းက မည်သူမည်ဝါဟု အတိအလင်း ပြောကြားခြင်းမရှိသေးသော်လည်း ဖြစ်စဉ်မှာ အမှန်ဖြစ်ကြောင်း၊ ကျူးလွန်သူအား ပ ၁၇၄/ ၂၀၁၃၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် ၄င်းကိုယ်တိုင် တရားလိုပြု၍ အမှုဖွင့် အရေးယူထားကြောင်း၊ ဆက်လက်ပြောကြားသည်။

" ကားပေါ်ပါတဲ့ သူတွေအကုန်လုံးက တပ်မတော်သားတွေဖြစ်တဲ့အတွက်သူတို့ကို စစ်ဆေးဖို့ရာ တပ်မတော်တပ်ထိန်းကို အကြောင်းကြားရတယ်၊တပ်ကိုအကြောင်းကြားပြီးတော့မှ သက်ဆိုင်ရာတပ်က တစ်ယောက်ချင်းစီ စစ်ပြီးတော့မှ ဘယ်သူဆိုတာ ဆွဲထုတ်ရမှာ၊

ဘယ်သူဆိုတာဒီအတိုင်းပြောလို့မရဘူး၊မှားသွားရင်ပြဿနာဖြစ်မယ်"ဟုရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ မြန်မာခတ်၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်မှုအား ပြန်လည်ဖြေကြားသည်။
The Myanmar Age, Rangonnewsdaily
RND:21.4.2013 

No comments:

Post a Comment