skip to main |
skip to sidebar
သံဃာတော်များ၊အစ္စလမ်ဘာသာရေး ခေါင်းဆောင်အချို့နှင့် ပြည်သူများပါဝင်သော မိတ္ထီလာလူမှုကယ်ဆယ်ရေးအဖွဲ့ဖွဲ့စည်း
4:15 PM
Kolatt
ရန်ကုန်၊ မတ် ၂၂
မန္တလေးမြို့တော်အခြေစိုက် သံဃာတော်များ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်အချို့၊
နိုင်ငံရေးအဖွဲ့အစည်း များ၊ ကျောင်းသားဟောင်းများ၊
ဗုဒ္ဓဘာသာနှင့်အစ္စလာမ်ဘာသာဝင် ပြည်သူများ ပါဝင်သော မိတ္ထီလာလူမှုကယ်
ဆယ်ရေးအဖွဲ့ကို မန္တလေးတွင်ဖွဲ့စည်းလိုက်ပြီး ဒုက္ခရောက်နေသော ပြည်သူများကို
ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ က ဆိုသည်။ "ကျမတို့ အခု အစည်းအဝေးလုပ်နေတယ်။ ပြီးရင် ဘယ်လိုကူညီကယ်ဆယ်မှုတွေလုပ်မယ်ဆိုတာ သေသေချာချာ ထုတ်ပြန်ပါ့မယ်" ဟု ၈၈ မျိုးဆက်ကျောင်းသားဟောင်းတဦးက ပြောသည်။
အဆိုပါအဖွဲ့ကို ဆရာတော်ဦးခေမာစာရ(ဘုရားကြီးတိုက်)၊ဦးတေဇနိယ(ဘုရားကြီးတိုက်)၊ ဦးကာဝိယ(ငွေငါးကျောင်းတိုက်)၊ ဦးဝိသုတ(ရေတော်တိုက်) တို့က ကြီးကြပ်တာဝန်ယူမည်ဖြစ်သည်။
Rangonnewsdaily
RND: :22.3.2013
0 comments:
Post a Comment