Pages

Friday, March 22, 2013

သတင်းလွတ်လပ်ခွင့်ကော်မတီ၏ အရေးပေါ်ကြေညာချက်

မတ် ၂၂၊ ၂၀၁၃

မိထ္တီလာမြို့မှ ဖြစ်ပေါ်နေသော အခြေအနေများကို သတင်းရယူနေသော ပြည်တွင်းပြည်ပသတင်းထောက်
များ ၏ ကင်မရာများကို အကြမ်းဖက်လူအုပ်စုအချို့က ကင်မရာများ အတင်းအဓမ္မသိမ်းယူခြင်း၊ ရိုက်နှက်
မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခံနေရပါသည်။
သတင်းလွတ်လပ်ခွင့်ကော်မတီအနေဖြင့် မိထ္တီလာမြို့တွင် သွားရောက်သတင်းယူနေသော သတင်းသမား များ၏ လုံခြုံရေးကို အထူးစိုးရိမ်ပြီး သတင်းသမားများအပေါ် ခြိမ်းခြောက်ခြင်း၊အတင်းအကျပ်ဖိအားပေးခြင်း
များအပေါ် အပြင်းအထန်ရှုတ်ချပါသည်။

အစိုးရတာဝန်ရှိသူများ၊ မိဘပြည်သူများအနေဖြင့်သတင်းမှန်များကိုတင်ပြနိုင်ရေး ကြိုးပမ်းနေသောသတင်း
မီဒီယာသမားများ၏ လုံခြုံရေးကို အထူးဂရုစိုက်ပေးပါရန်နှင့် သတင်းသမားများအနေဖြင့်လည်း မိမိ၏ လုံ
ခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုကြပါရန် အလေးအနက်ထား တိုက်တွန်း မေတ္တာရပ်ခံ
အပ်ပါသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ။
ရန်ကုန်မြို့။

0 comments:

Post a Comment

 
world time