Pages

Sunday, March 10, 2013

ကွယ်လွန်သွားသော ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်စ်နေရာကို အစားထိုးမည့် ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲ ဧပြီ ၁၄ တွင် ကျင်းပမည်ဟု ကြေငြာ

ဟူဂိုချားဗက်စ်နေရာကို အစားထိုးမည့် ဗင်နီဇွဲလား
သမ္မတရွေးကောက်ပွဲ ဧပြီ ၁၄ တွင် ကျင်းပမည်ဟု ကြေငြာ

ကာရာကတ်စ်၊ မတ် ၁၀။

ကွယ်လွန်သွားသော ဗင်နီဇွဲလားသမ္မတ ဟူဂို ချားဗက်စ်၏ လစ်လပ်သွားသော သမ္မတနေရာကို အစားထိုးမည့် သမ္မတ
ရွေးကောက်ပွဲများကို လာမည့်ဧပြီ ၁၄ တွင် ကျင်းပသွားမည်
ဖြစ်ကြောင်း ဗင်နီဇွဲလားရွေးကောက်ပွဲကော်မရှင်က ကြေငြာ
လိုက်သည်။

ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေငြာချက်သည် ချားဗက်စ် ကွယ်လွန်ပြီးနောက် ၎င်း၏ဒုသမ္မတက ဖွဲ့ စည်းပုံအရ ကြားဖြတ် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

လာမည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိကြားဖြတ်သမ္မတ
မဒူရိုက အာဏာရပါတီ၏ သမ္မတလောင်းအဖြစ် ဝင်ပြိုင်မည်
ဖြစ်ကာ ၊ အတိုက်အခံဘက်မှ ဟင်းနရစ် ကတ်ပရီလတ်စ်က ဝင်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။

ကွယ်လွန်ခဲ့သည့် သမ္မတချာဗက်စ်သည် ဗင်နီဇွဲလားကို
၁၄ နှစ်ကြာ ဦးဆောင်ခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သည့် အောက်
တိုဘာရွေးကောက်ပွဲ တွင် မစ္စတာ ကတ်ပရီလတ်စ်အား
အနိုင်ရခဲ့သည်။ ထိုစဉ်က ချားဗက်စ်က မဲ ၅၄ ရာခိုင်နှုးနှင့် ကတ်ပရီလတ်စ်က မဲ ၄၄ ရာခိုင်နှုန်းရရှိခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တီဘီဆေ လူစီနာက ပါဝင်
ယှဉ်ပြိုင်မည့် သမ္မတလောင်းများသည် တနင်္လာနေ့မှစ၍
ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နိုင်ကြောင်း ပြောကြားသည်။

အတိုက်အခံဘက်မှ သမ္မတလောင်း ကတ်ပရီလတ်စ်သည်
အသက် ၄၀ အရွယ်ရှေ့ နေတစ်ဦးဖြစ်ပြီး ဗင်နီဇွဲလားရှိ မီရန်
ဒါပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ဆိုရှယ်လစ်ဝါဒီအဖြစ် သတ်မှတ်ခံရသည့် ချားဗက်စ်နှင့်
မတူဘဲ အတိုက်အခံခေါင်းဆောင် ကတ်ပရီလတ်စ်ကမူ ၎င်း၏ ပေါ်လစီများသည် အလယ်အလတ် ဗဟိုဝါဒီ၊ လူသား ဝါဒီဆန်ကြောင်း ထုတ်ဖေါ်ထားပြီး ၎င်းလေးစားသည့် ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗား ကဲ့သို့ပင် စီးပွားရေးလုပ်ငန်းးများနှင့် လူမှုဖူလုံရေးအစီအစဉ်များကို ဖွံ့ ဖြိုးအောင်ဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှုများကိုလည်း
ဆွဲဆောင်ရန် ကြိုးပမ်း သွားမည်ဟု ပြောကြားထားသည်။

Ref: BBC
Re-Post By ACM 10-3-2013
အေးချမ်းမွန် Credit to >> The Myanma Age<< Thank

ကာရာကတ်စ်၊ မတ် ၁၀။

ကွယ်လွန်သွားသော ဗင်နီဇွဲလားသမ္မတ ဟူဂို ချားဗက်စ်၏ လစ်လပ်သွားသော သမ္မတနေရာကို အစားထိုးမည့် သမ္မတရွေးကောက်ပွဲများကို လာမည့်ဧပြီ ၁၄ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဗင်နီဇွဲလားရွေးကောက်ပွဲကော်မရှင်က ကြေငြာလိုက်သည်။
ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေငြာချက်သည် ချားဗက်စ် ကွယ်လွန်ပြီးနောက် ၎င်း၏ဒုသမ္မတက ဖွဲ့ စည်းပုံအရ ကြားဖြတ် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

လာမည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိကြားဖြတ်သမ္မတ မဒူရိုက အာဏာရပါတီ၏ သမ္မတလောင်းအဖြစ် ဝင်ပြိုင်မည် ဖြစ်ကာ ၊ အတိုက်အခံဘက်မှ ဟင်းနရစ် ကတ်ပရီလတ်စ်က ဝင်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။

ကွယ်လွန်ခဲ့သည့် သမ္မတချာဗက်စ်သည် ဗင်နီဇွဲလားကို ၁၄ နှစ်ကြာ ဦးဆောင်ခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သည့် အောက် တိုဘာရွေးကောက်ပွဲ တွင် မစ္စတာ ကတ်ပရီလတ်စ်အား
အနိုင်ရခဲ့သည်။ ထိုစဉ်က ချားဗက်စ်က မဲ ၅၄ ရာခိုင်နှုးနှင့် ကတ်ပရီလတ်စ်က မဲ ၄၄ ရာခိုင်နှုန်းရရှိခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တီဘီဆေ လူစီနာက ပါဝင် ယှဉ်ပြိုင်မည့် သမ္မတလောင်းများသည် တနင်္လာနေ့မှစ၍ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နိုင်ကြောင်း ပြောကြားသည်။

အတိုက်အခံဘက်မှ သမ္မတလောင်း ကတ်ပရီလတ်စ်သည်အသက် ၄၀ အရွယ်ရှေ့ နေတစ်ဦးဖြစ်ပြီး ဗင်နီဇွဲလားရှိ မီရန် ဒါပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ဆိုရှယ်လစ်ဝါဒီအဖြစ် သတ်မှတ်ခံရသည့် ချားဗက်စ်နှင့် မတူဘဲ အတိုက်အခံခေါင်းဆောင် ကတ်ပရီလတ်စ်ကမူ ၎င်း၏ ပေါ်လစီများသည် အလယ်အလတ် ဗဟိုဝါဒီ၊ လူသား ဝါဒီဆန်ကြောင်း ထုတ်ဖေါ်ထားပြီး ၎င်းလေးစားသည့် ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗား ကဲ့သို့ပင် စီးပွားရေးလုပ်ငန်းးများနှင့် လူမှုဖူလုံရေးအစီအစဉ်များကို ဖွံ့ ဖြိုးအောင်ဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှုများကိုလည်း ဆွဲဆောင်ရန် ကြိုးပမ်း သွားမည်ဟု ပြောကြားထားသည်။

 
Ref: BBC
The Myanma Age,Rangonnewsdaily
10.3.2013

0 comments:

Post a Comment