Pages

Sunday, March 10, 2013

ဟင်္သာတမြို့ပေါ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်

ဟင်္သာတ၊ မတ် ၁၀။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ပေါ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုဖြစ်စဉ်များ ဆက်တိုက်ဆိုသလိုပင် ဖြစ်ပေါ်နေကြောင်း သိရသည်။ မြို့ပေါ်တွင်ပင် (၃) လအတွင်း ရပ်ကွက် (၄) ရပ်ကွက်မှ လိုင်စင်ဆိုင်ကယ် (၇)စီး ပျောက်ဆုံးခဲ့ကြောင်း မြို့နယ်ရဲစခန်းမှ စုံစမ်းသိရိရသည်။ (၁၅-၁၂-၂၀၁၂)နေ့တွင် ၂၉/ယ-၈၃၂၄၈(Click)၊ ၁၆/ယ-၇၃၄၅၈(Luogia)၊ ၇/ယ-၃၇၁၀(Kembo)၊ (၂၂-၂-၂၀၁၃)နေ့တွင် ၁ယ/၈၇၂၁၇(Viva)၊ ၁ယ/၈၈၃၆၄(Viva)၊ (၆-၃၂၀၁၃)နေ့တွင် ၁၆ယ/၈၄၄၈၇ (Honda Wave)၊ ၃၂ယ/၇၃၅၄၃ (ဇောင်ရှန်း 110) အားလုံးပေါင်း (၇)စီး ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ အထက်ပါဆိုင်ကယ်များမှာ တရားဝင်လိုင်စင်ဆိုင်ကယ်များ ဖြစ်သောကြောင့် ရဲစခန်းသို့လာရောက် အကြောင်းကြားထားခြင်းဖြစ်ပြီး၊ လိုင်စင်မဲ့ဆိုင်ကယ်များမှာတော့ အရေအတွက်ပင် မမှတ်နိုင်တော့အောင် အများအပြားပျောက်ဆုံးနေကြောင်း သိရသည်။

ဆိုင်ကယ်ပျောက်ဆုံးမှုဖြစ်စဉ်များမှာ တစ်ပုံစံတည်းဖြစ်ပြီး ခြံဝင်းအတွင်းရှိ ဆိုင်ကယ်များကိုသာ ပစ်မှတ်ထားကာ ခိုးယူခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆိုင်ကယ်ခိုးယူမှုများ ဆက်တိုက်လိုပင်ဖြစ်ပေါ်နေသော်လည်း တရားခံအား ယခုအချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Rangonnewsdaily
10.3.2013
Hinthata HumanRights

0 comments:

Post a Comment