ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည်
၂နာရီ၁၅မိနစ်တွင် ဆည်တဲ ကျေးရွာမှ ပြန်လည်ထွက်ခွာပြီး လိပ်ခွံတောင်ပေါ်မှ
သပိတ်စခန်းသို့ သွားရောက်ခဲ့ကြောင်း ဆည်တဲ ကျေးရွာမှ ဒေသခံ တဦးက
မဇ္ဈိမသို့ ပြောသည်။အဆိုပါ
ဒေသခံက “ လွန်ခဲ့တဲ့ ၁၅မိနစ်က ရွာထဲက ပြန်ထွက်သွားပြီ။ ရွာသားအကုန်လုံး
သူ့ကို လမ်းလျှောက်ပြီး ဆန္ဒပြကြတယ်။ သူ့နောက်လိုက်ပြီးတော့ ဆန္ဒပြတာ ” ဟု
ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ကြောင်း မဇ္ဈိမကို ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ကျေးရွာများကိုရွှေ့ပြောင်းရန်နှင့် ရွာသူရွာသားများရဲ့ အကျိုး၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို လုပ်ကိုင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာ ဓမ္မာရုံမှ လမ်းလျှောက်ထွက်ခွာသွားပြီး
ရွာသူရွာသားများက နောက်မှ လိုက်လံကာ “ ဦးပိုင် ကာကွယ်ပေးသူကို အလိုမရှိ” ၊
“ မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး အရေးယူပေးရေး” ၊ “ ပုဒ်မ ၁၄၄
အမြန်ဆုံး ရုပ်သိမ်းရေး ” အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြ
ခဲ့ကြောင်း ဒေသခံမှ ပြောဆိုခဲ့သည်။
ယခုလက်ရှိ အချိန်တွင်
ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာမှ လိပ်ခွံတောင်ပေါ် သပိတ်စခန်းသို့
သွားရောက်နေပြီး လိပ်ခွံတောင် သပိတ်စခန်းနှင့် အဆက်အသွယ် မရရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာ ဓမ္မာရုံမှ လမ်းလျှောက်ထွက်ခွာသွားပြီး ရွာသူရွာသားများက နောက်မှ လိုက်လံကာ “ ဦးပိုင် ကာကွယ်ပေးသူကို အလိုမရှိ” ၊ “ မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး အရေးယူပေးရေး” ၊ “ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းရေး ” အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြ ခဲ့ကြောင်း ဒေသခံမှ ပြောဆိုခဲ့သည်။
ယခုလက်ရှိ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာမှ လိပ်ခွံတောင်ပေါ် သပိတ်စခန်းသို့ သွားရောက်နေပြီး လိပ်ခွံတောင် သပိတ်စခန်းနှင့် အဆက်အသွယ် မရရှိသေးပေ။
0 comments:
Post a Comment